တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Sunday, December 27, 2009


“ဝန်ခံချက်”

အတွေးတွေကို ထုခွဲ

အလွမ်းတွေကို စုစည်းရင်း
ချစ်ခြင်း သက်သက်နဲ့
ကို မင့်အတွက်
ကဗျာတွေ ရေးနေခဲ့။

ကောင်းကင်ပြာကို ငေးမော
ကြယ်ပျံတွေ ရေတွက်
လရောင်လေးကို ပွေ့ဖက်ရင်း
အတားအဆီးမရှိ ယိုစီးကျလာတဲ့
အနှိုင်းမဲ့ အချစ်တွေက
ကဗျာတွေကို မွေးဖွားပေးခဲ့ပြီ။

မင့် သိလေမလား ကိုမင့်ကို သိပ်ချစ်တာ
မယုံရင် ကို့ ကဗျာတစ်ပုဒ်ချင်းစီကို မေးကြည့်
စာလုံး တစ်လုံးချင်းစီက ကိုယ် “မင့်” ကို
သိပ်ချစ်ပါကြောင်း မဆိုင်းမတွ
ဖြေကြလိမ့်မယ်။

မသေချာ သေးဘူးတဲ့လား
ကို့ရင်ခုန်သံကို နားထောင်
ကို့နှလုံးသွေးကို စစ်ဆေး
သူတို့ ပြောတာ မင်းကြားမှာက
ချစ်သူရေ....ကို မင့်ကို
သိပ်ချစ်တယ် ဆိုတာကိုပဲ။


အားလုံးကို ချစ်ခင် လေးစားလျက်..

တော်ဝင်ထွန်း
၂၈.၁၂.၂၀၀၉

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP