“နုတ်ဆက်ပါတယ် နှစ်ဟောင်းရေ”
အို.....
မြို့တော်ဘန်ကောက်ရေ...
နှစ်သစ်ကို ကြိုဆိုဖို့
ပြင်ဆင်ထားတဲ့
နင့်ရဲ့အလှကတော့
မြင်မြင်သူ လူတကာကို
ငေးလောက်စေတယ်ပေါ့။
ဒါပေမယ့်ကွာ....
အဆိပ်သင့် နေကြတဲ့
အတိတ်ဝိညာဉ်တွေကို
အဖော်ပြုနေရတဲ့
ငါ့ရင်မှာ နင့်အလှကို
ခံစားကြည့်ဖို့ ဝေးလေစွ။
ဘန်ကောက် နတ်သမီလေးရေ...
ရောင်စုံ မီးရှုး မီးတန်းတွေအောက်
နှစ်သစ်ကို ကြိုဆိုရင်း
လှပ မြူးကြွနေတဲ့
နင့်ရဲ့ အလှပတွေက မြင်သူတွေကို
မူးမေ့စေလောက်တယ်ပေါ့။
ဒါပေမယ့်ကွာ....
သွေးရူး သွေးတန်းတွေနဲ့
အော်ဟစ် ရူးမူးနေတဲ့
ငါ့ဝိညာဉ်တွေအတွက်
နင့်အလှတွေက ကဗျာမဆန်ပါဘူးကွာ။
ကြယ်စင်လေးရေ...
နှစ်သစ်ကို ကြိုဆိုနေတဲ့
နင့်အပြုံးလေးက
မြင်ရသူ လူအပေါင်းကို
ချိုမြိုန်စေမှာပါ။
ဒါပေမယ့်ကွာ....
အလွမ်းတွေနဲ့ ငိုကြွေးနေတဲ့
ငါ့အသွေးသားတွေအတွက်
နင့်ရဲ့ချိုမြိန်တဲ့ အပြုံးလေးက
မလွမ်းလောက်ပါဘူး။
လရောင်လေးရေ...
နှစ်သစ်ကို ပိုဖျော်ဖို့
အဖော်ပြုပေးတဲ့ နင့်ရဲ့ ကိုဟန်လေးက
လူတကာကို စွဲမက်နှစ်သက်စေတာပေါ့။
ဒါပေမယ့်ကွာ...်
နင့်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ကိုယဟန်လေးက
အထီးကျန်နေတဲ့ ငါ့ဝိညာဉ်အတွက်တော့
အကျည်းတန် လွမ်းပါတယ်ကွာ။
ဒီလို.... ဒီလို....ဒီလို..
ငိုကြွေးအော်ဟစ်ရင်း..
ငါ့ရဲ့ အထီးကျန်နေတဲ့
နှစ်ဟောင်းကို နုတ်ဆက်လိုက်တယ်။
အားလုံးကို ချစ်ခင် လေးစားလျက်...
တော်ဝင်ထွန်း...
၃၁.၁၂.၂၀၀၉
မိတ်ဆွေများ အားလုံး နှစ်သစ်မှာ ပျော်ရွှင်၊ အောင်မြင်၊ ကံကောင်းနိုင်ကြပါစေ။
No comments:
Post a Comment