တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, December 27, 2009

“အစွဲ နဲ့ ကျန်တော်”

“ လိုချင်တပ်မက်မှုက စွဲလန်းမှုကို ဖြစ်စေတယ်” လို့ ဖတ်ဖူးခဲ့ပါသည်။ သို့သော် ဒီနေရာမှာ ကျန်တော့၏ အစွဲကတော့ လိုချင်တပ်မက်မူကြောင့် ဖြစ်လာတဲ့ အစွဲမျိုး မဟုတ်ပါ။ အယူသန်တဲ့ အစွဲမျိုးလားတော့ မသိ။ စွဲတာတော့ သေချာပါသည်။

ဒီအစွဲကြောင်းလဲ စိတ်ကသိကအောက် ဖြစ်ခဲ့ရပေါင်း မနည်းပါ။ အစွဲသန်တာ မကောင်းမှန်းလည်း သိသည်။ အလွယ်တကူ ပျော်မရနိုင်တာ တစ်ခု က ရောဂါတစ်မျိုးလိုပဲ စွဲနေမိသည်။ အဲဒါသည်ပင်လျင် အစွဲတစ်မျိုး ဖြစ်နေတော့သည်။

ကျန်တော် စွဲပုံ အစွဲက ဒ်ီလိုပါ။ ကျန်တော် သိတတ်စကတည်းက မေမေ့ ရဲ့ဂရုစိုက်မှုကို စွဲသည်။ မေမေ့ ချက်ကျွေးတဲ့ ဟင်းတွေကို စွဲသည်။ မေမေ လျော်ဖွတ်ပေးတဲ့ အဝတ်တွေကို စွဲသည်။ အဲဒါက အခြေခံ အစွဲသုံးမျိုး။ နောက်လည်း အများကြီး ရှိသေးသည်။ ထားပါတော့။ ဆိုတော့ကာ မေမေ့ရဲ့ ဂရုစိုက်မှုနဲ့ ပတ်သက်လို့ မေမေ့ကို မကြာမကြာ စမိသည်။ မေမေ ဂရုစိုက်ဖို့ အချိန်နည်းတဲ့အခါ “ မေမေ သားကို ချစ်ရဲ့လားပေါ့”။ တစ်ခါခါ မေမေ စိတ်တိုနေပုံရရင်လည်း ပြုံးပြုံးရင်း မေးတတ်သည်။ မေမေက စိတ် အနှောက်အယှက်ဖြစ်ပုံပြတဲ့အခါ မေမေ့ကို စိတ်ဆိုးပြီး နုတ်မဆက်ပဲ နေမိသည်။ မေမေ ခေါ်တဲ့အထိပေါ့။ အဲဒါက မေမေ့ရဲ့ ဂရုစိုက်မှုကို စွဲမိလို့ ဖြစ်တာ။ အဲဒါက ကောင်းသည်။ မေမေ့ချစ်တာကို ခံချင်လို့။ မေမေ ဂရုစိုက်ပေးတော့ ပျော်ရသည်။

အဝတ်အစားနဲ့ ပတ်သက်လို့လည်း မေမေကိုယ်တိုင် လျော်ဖွတ်ပေးတဲ့အဝတ်မှာ ဝတ်ဖြစ်တာ များသည်။ တစ်ခြားလူတွေ လျော်ဖွတ်ပေးတာ သိရင် လုံးဝကို မဝတ်ဖြစ်။ ဒါလည်း အိမ်က ထွက်လာပြီးတဲ့အခါ အတော်လေးကို ကသိကအောက်ဖြစ်ရသည်။ အစွဲက အတော်ဆိုးတဲ့ ကောင်ပဲလို့လည်း တစ်ခါခါ မိမိကိုယ်တိုင် ရေရွတ်မိသည်။

“ဆိုး” တာတစ်ခုက မေမေချက်ကျွေးတဲ့ ဟင်းကိုမှ စွဲမိတာ။ ဆိုတော့ ပြဿနာက မသေးပါ။ ပြဿနာဖြစ်လေ့ရှိတာက မေမေ့လက်ထောက် ညီမလေးနဲ့ ဖြစ်သည်။ ညီမလေးက ကျန်တော့်အောက် နှစ်နှစ်ငယ်သည်။ မွေးချင်း သမီးတွေထဲမှာ သမီးကြီး။ ကျန်တော်နဲ့လည်း နည်းနည်း ဆင်တူတယ်လို့ ဆိုကြသည်။ ပြင်ဆင်ထားမယ်ဆိုရင် မိန့်မချောလေး တစ်ဦးဟု ဆိုနိုင်သည်။ အိမ်အလုပ်ကို အကုန်ရသည်။ မေမေ့ လက်စွဲတော်ပေါ့။

မေမေ နေမကောင်းလို့ဖြစ်စေ၊ မအားလို့ ဖြစ်စေ မေမေ့ကိုယ်စား ညီမလေးက ဟင်းချက်ကျွေးရသည်။ ဒါပေမယ့် ကျန်တော်ရဲ့ အစွဲကြောင့် ညီမလေး ဟင်းချက်တဲ့နေဆို ကျန်တော် ထမင်း ကောင်းကောင်း မစား။ ဂျီကျနေတတ်သည်။ တစ်ခါခါ လုံးဝမစားပဲ တစ်ခုခုကို စားပြီး နေတတ်သည်။ ကျန်တော့ရဲ့ အစွဲကြောင့် ညီမလေး စိတ်မကောင်း ဖြစ်ရပေါင်း မနည်းဘူးဟု ထင်မိသည်။ တကယ်တော့ ညီမလေး ချက်တာ ကောင်းပါသည်။ မေမေ ချက်တာမှ တစ်ပါး ဘယ်သူ့လက်ရာမှ မကောင်းဘူးဟုသော ကျန်တော့ အစွဲကြောင်ပင် ဖြစ်သည်။ ဒီအစွဲက ကျန်တော့ကို အကြိမ်ကြိမ် နှိပ်စက်ခဲ့သည်။ ဒီအစွဲကြောင့် ခရီးအထွက်များတဲ့ ကျန်တော် ခရီးထွက်တိုင်း ထမင်းစားဖြစ်တာ နည်းသည်။ ခရီးထွက်တိုင်း စားလေ့ရှိတာက ဟန်ဘာဂါနဲ့ နို့ပဲဖြစ်သည်။

မှတ်မှတ်ရရ တစ်နှစ်မှာ အလယ်တန်း ပညာကို သင်ယူဖို့ ရွာနီးချင်းတစ်ရွာကို သွားခဲ့ရသည်။ တည်းနေတဲ့အိမ်မှာ အသက် ငါးဆယ်ကျော်အရွယ် အဘိုးအဘွားနဲ့ သားလူပျို တစ်ယောက်ရှိသည်။ မိသားစု သုံးယောက်လုံး ကျန်တော့ကို မိသားစု အရင်းလို ချစ်ကြသည်။ သူတို့အိမ်ကို ရောက်တော့ အဘွားချက်တာကို စားမရလို့ စိတ်မကောင်းဖြစ်ရပြန်သည်။ စားမရလို့ နှစ်ပတ်လောက် ကြိုက်တာကို ဝယ်စားပြီး နေလိုက်ရသည်။ နောက်မှ တစ်ဖြည်းဖြည်း စားနိုင်အောင် ကြိုးစားခဲ့ရသည်။

၂၀၀၃ နှစ် ရန်ကုန်ကိုရောက်လာတော့လည်း နှစ်ပတ်လောက်က အစားနဲ့ အခက်ကြုံရပြန်သည်။ ၂၀၀၇ နှစ် ထိုင်းကို ရောက်တော့ ပိုဆိုးသည်။ ဘာတစ်ခုမှ စားလို့မမြိန်။ တစ်နှစ်လောက်က ဟိုးနည်းနည်း ဒီနည်းနည်း အသီးအရွက်တွေ များများစားပေးသည်။ ထမင်းဆိုင်ကို ဝင်ရင် ချက်ထားတဲ့ အိုးတွေကို ဖွင့်ကြည့်သည်။ ပြီး မှ ကြိုက်တာကို
လက်ညိုးထိုးပြောသည်။ မကြိုက်ရင် မစားပဲ ဒီတိုင်း ထားခဲ့တာလည်း အကြိမ်ကြိမ်။ ဆိုင်သည်တွေကတော့ ပထမ စိတ်မကောင်း ဖြစ်ပုံပေါ်သည်။ နောက် သိပ်ရင်းနှီးလာတော့ အကြောင်းသိမို့ စားချင်တဲ့ ပုံစံကို လုပ်ပေးတော့ အဆင်ပြေလာသည်။
ဒီလို့နဲ့ အခုဆို စားလို့ရတဲ့ ထိုင်းဟင်း ငါးမျိုးလောက်ရှိလာပြီးဖြစ်သည်။

ကျန်တော့အစွဲကြောင်း မိတ်ဆွေတွေ စိတ်မကောင်း ဖြစ်ရတဲ့ ဖြစ်ရပ်နှစ်ခုကို မှတ်တမ်းထဲ ရေးထားမိတာ အမှတ်ရနေမိသည်။ ပထမတစ်ခုက ၄ လပိုင်းက မလေးရှားကို အလည်သွားတော့ စင်္ကာပူ နေစပ် ကားဂိတ်တစ်ခုမှာ မိတ်ဆွေ သုံးယောက်နဲ့အတူ နေ့လည်စာ စားဖို့ကြုံသည်။ ကားဂိတ်နောက်က မလေးရှားလူမျိုး ဆိုင်ကြီး တစ်ဆိုင်ကို ဝင်ပြီး ကောင်းမယ် ထင်တဲ့ အစားအစာတွေကို မှာကြသည်။ စားလည်း စားကြည့်တော့ ကျန်တော်က လုံးဝ စားလို့မရ။ နည်းနည်း စမ်း စားကြည့်တာနဲ့ အန်ချင်စိတ် ပေါ်လာသည်။ ဒါနဲ့ မိတ်ဆွေတွေကို မင်းတို့ပဲစားကြဆိုပြီး ကျန်တော် ကြိုက်တဲ့ ဟန်ဘာနဲ့ အအေးတစ်ခွက် မှာစားလိုက်ရသည်။ မိတ်ဆွေတွေကတော့ ပစ်ဆံဆုံးတယ် ဆိုပြီး စိတ်မကောင်းဘူးပေါ့။ မတတ်နိုင်ဘူး။ ကိုယ်မကြိုက် ကြိုတ်ပြီး ပျိုမချနိုင်လေ။

ဒုတိယ အဖြစ်အပျက် တစ်ခုက ၂၄ ရက်နေ့က ဖြစ်ပါသည်။ မနက်ပိုင်း ၁၁ နာရီလောက်မှာ “ ကျေးဇူးပြုပြီး ဒုတိယ ပါမောက္ခချုပ်ရုံးခန်းထဲကို လာလို့ ရမလားတဲ့” ဂျပန် ဆရာမလေးက ဖုန်းဆက်ခေါ်သည်။ ကျန်တော်လည်း အားပါတယ် လာခဲ့ပါမယ်ဆိုပြီး သွားတွေ့လိုက်သည်။ ရုံးခန်းထဲမှာ လာအိုက ကျောင်းသားက ရောက်နှင့်နေသည်။ ဂျပန် ဆရာမနဲ့ တွေ့တော့ ဂျပန် ကလပ် ဖွင့်ဖို့ တိုင်ပင်ရန် ခေါ်ခြင်း ဖြစ်ကြောင်း ပြောသည်။ ကျန်တော်လည်း တတ်နိုင်တဲ့ဘက်က ကူလုပ်ပေးမယ်လို့ ပြောရင်း အစီအစဉ်တွေကို ဆက်ပြောဖြစ်သည်။ ၁၁.၃၀ အချိန်ရောက်တော့ ဂျပန်မက ခဏလေးဆိုပြီး ထသွားသည်။ ခဏကြာတော့ စားစရာတွေနဲ့ ရုံးခန်း စားသောက်ဆိုင်က ထွက်လာသည်။

ဒါနဲ့ ကျန်တော်လည်း “ သွားခွင့်ပြုပါအုံး” ဆရာမ လို့ နုတ်ဆက်တော့ “ မသွားနဲ့တော့” နေ့လည်စာ ကျွေးဖို့ လုပ်ထားတယ်တဲ့။ ဂျပန် ပန်းသီးလည်း ကျွေးမယ်တဲ့။ ပါမောက္ခကြီးလည်း စားမယ်တဲ့။ ခဏကြာတော့ ပါမောက္ခကြီး စားပွဲထဲ ဝင်ထိုင်လာသည်။ ပါမောက္ခကြီးကတော့ ကျန်တော်ကို အတော်ခင်ပါသည်။ ကျန်တော်လည်း ချစ်ခင် ရိုသေသည်။ ဒါနဲ့ ပါမောက္ခကြီးကို နုတ်ဆက်ပြီး ကျန်တော်က ပါမောက္ခကြီး၏ လက်ဝဲဘက်က ထိုင်သည်။

ဟင်းအမယ်တွေက စုံပါသည်။ ရေတွက်ကြည့်တော့ ဆယ်မျိုးလောက်ရှိသည်။ ကြည့်လိုက်တော့ ကျန်တော်ကြိုက်တဲ့ ဟင်း “သုံးမယ်” လောက်ပါသည်။ တွေ့ပြီပေါ့ ဟင်းအစွဲသန်တဲ့ ကျန်တော်။

ပါမောက္ခကြီးကတော့ ပြောသည်။ “ ကြိုက်တာကို စား အားမနာနဲ့တဲ့ ။ ကျန်တော်လည်း ဆရာကြီးရေ ကျန်တဲ့ နေရာမှာသာ အားနာရင် နာမယ်။ အစားနဲ့တော့ မနာပါဘူးလို့။ ဗိုက်တစ်လုံးတည်း အပြည့်ထည့်မှာပဲ လို့ ပြုံးပြုံးလေးပြောတော့ အားလုံးရီကြသည်။ ဒါနဲ့ ကိုယ်ကြိုက်တာကို ပဲ ဇောင်းပေး စားနေမိသည။်

စားနေရင်းနဲ့ ပါမောက္ခကြီးက ရုတ်တရက် ဖောက်လာသည်။ “ ဟာ တပည့် ကျန်တဲ့ ဟင်းတွေလည်း စားပါအုံးကွ” တဲ့။ အဲဒါ သုခပဲ။ ကျန်တော်လည်း မကြိုက်ပါဘူး ဆရာကြီးလို့ပြောတော့ စားကြည့်ပါအုံးကွ ထိုင်းဟင်းတွေ ကောင်းပါတယ်တဲ့။ ကျန်တော် ပန်းကန်ထဲ ပြုံးပြုံးလေး ထည့်ပေးရော။ သွားပြီ အဲဒီမှာ။ ကျန်တော် အစွဲသန်တာ မသိဘူး ဆိုပြီး စိတ်ထဲပြောနေမိသည်။ ကျန်တော် စမ်းမြည်းကြည့်ပါသည်။ ဒါပေသိ မကြိုက်တော့ မျက်နှာ ပျက်မိသည်။ ပြီးတော့ မကြိုက်ဘူး ဆိုပြီး မစားပဲ နေမိသည်။

ဆရာကြီး ကျန်တော် မျက်နှာ ပျက်တာကို မြင်တော့ သူလည်း ချက်ချင်း မျက်နှာ ပြောင်းသွားခဲ့သည်။ စိတ်မကောင်းဘူးပေါ့။ ဂျပန် ဆရာမတော့ ပြုံးပြုံးလေးပဲ။ ဒါနဲ့ ကျန်တော်လည်း ငယ်ငယ်တကည်းက ကျန်တော်ရဲ့ အစွဲလေးကို စားပြီးရင် ပြောပါ့မယ် လို့ ပြောလိုက်ပြီး စားစရာတွေကို လက်စ သတ်လိုက်သည်။ ဆရာကြီးလည်း “ ကောင်းပြီးလေ နားထောင်ရတာပေါ့” ဟုပြောရင်း သူဆက်စားသည်။ ထမင်းစားပြီးကြတော့ အချိုပွဲကို ဂျပန် ပန်းသီးတွေနဲ့ ကျွေးမွေးသည်။ ကျန်တော် ငယငယ်တည်းက ပန်းသီးကြိုက်တော့ ပန်းသီးက ကျန်တော့အကြိုက်ဖြစ်နေသည်။ အချိုပွဲ စားနေစဉ်မှာပဲ ကျန်တော် ငယ်ငယ် ကတည်းက အစွဲတစ်ခု ပါလာကြောင်းနဲ့ အခုထိ မခွါနိုင်သေးကြောင်းကို ပြောပြတော့ ဆရာကြီးက “ တပည့်လေး အတော် အစွဲသန်တဲ့ လူကိုး” ဟု ပြုံးရီရင်း မှတ်ချခဲ့သည်။


အဲဒီနေ့က ပါမောက္ခကြီး စိတ်မကောင်းဖြစ်တာ သေချာသွားသည်။ သူ့ရဲ့ စေတနာနဲ့ ထည့်ပေးတဲ့ ဟင်းကို မကြိုက်လို့ မျက်နှာပျက်မိတဲ့ ကျန်တော့ရဲ့ အပြူအမူကြောင်းဖြစ်သည်။ မတတ်နိုင်ဘူးလေ။ မကြိုက်တာ မကြိုက်တာပဲ။ ကြိုတ်ပျို ချလို့မှ မရတာ။


အဲဒါ ကျန်တော်ရဲ့ အစွဲလေးကြောင့် ဖြစ်ခဲ့ရတဲ့ စိတ်အနှောက်အယှက်တွေပါ။

စကားအချပ်ပို။ ။ ကျန်တော် အစွဲကို လာဖတ်တဲ့ ကို စံလင်းထွန်းရေ.. ကျန်တော် အစွဲသန်တာ ဆိုးပါတယ်ဗျာ။ အခုတောင် ကြည့်ပါလား “ ကျွန်တော်” လို့ ရေးရမဲ့ စကားလုံးကို ကျန်တော့ အစွဲလေးနဲ့ “ကျန်တော်” လို့ပဲ ရေးနေဆဲနေလေ။ ကျေးဇူးတင်ပါတယ်ဗျာ... အကြံပြုပေးတာ။

အားလုံးကို ချစ်ခင်လေးစားလျက်...

တော်ဝင်ထွန်း

၂၈.၁၂.၂၀၀၉

၂၈.၁၂.၂၀၀၉

ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

Monday, November 23, 2009

“ဆောင်းတစ်နေ့ရဲ့ မှတ်တမ်း”

ချင်းမိုင်မြို့ရဲ့ ဒီဆောင်းတစ်နေ့က အေးလွန်းတာ လွန်လွန်းတယ်။ အိပ်ရာဝင် နောက်ကျတဲ့အတွက် မနက် ၈ နာရီခွဲမှ အိပ်ရာထဖြစ်တယ်။ ထလျင်ထချင်း ခေါင်းရင်းပြတင်းကို ဖွင့်ကြည့်ဖြစ်တယ်။ အား…“မူလအနေအားဖြင့် အပြာရောင် ကောင်းကင်လေးက ဒီနေ့တော့ မှောင်မဲနေပါလား” ။

(ကျန်တော် ငယ်ငယ်ကတည်းက မနက်၊ ညနေ သဘာဝရဲ့ အလှအပတွေကို ခံစားတတ်ခဲ့လို့ ကျန်တော် နိုးလျင်ပဲ သဘာဝကို ကြည့်မိတာပါ။ )

အယ်…“ကောင်းကင်ကြီးက မှောင်မဲ အုံဆိုင်းနေတယ်။ သူ့မျက်နှာပြင် တစ်ခုလုံးမှာလည်း မြူနှင်းရိပ်တွေက မျက်ရည် အလား ပြည့်နှက်နေပါလား။ ငိုများနေသလားကွယ်။ ဘယ်လို အကြောင်းကြောင်းပါလဲ။” ကျန်တော်သိချင်လာတယ်။ သိချင်လို့ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေရင်း ကျန်တော့လက်က လက်ကိုင်ဖုန်းကို ကောက်ကိုင်လျက်သား ဖြစ်နေမိတယ်။

၁။ ဒါနဲ့ ကျနော် …မိုးလေဝသနဲ့ ဇလဗေဒ ရုံးမှ အထွေထွေ တာဝန်ခံအရာရှိ Mr.Richard ကို ဖုန်းဆက်မေးလိုက်တယ်။ …..ကလင်..ကလင်…“ ဟလို အမိန့်ရှိပါ။ ကျန်တော် Richard ပါ”။ Mr.Richard က ဖြေတယ်။ ကျန်တော်က ဟုတ်ကဲ့ “ ဒီနေ့ ထုတ်ပြန်တဲ့ မိုးလေဝသ အခြေနေကို သိချင်လို့ပါ” လို့ မေးတော့ သူ့က “ ရာသီဥတု မကောင်းလို့ မိုးလေဝသ တိုင်းကိရိယာလည်း ချွတ်ယွင်းနေကြောင်းနဲ့ အမှန်ကို သိချင်ရင် “ ကောင်းကင် နတ်သ္မီးလေးဆီ ဖုန်းဆက် မေးဖို့ ” စိတ်မကောင်းစွာနဲ့ အကြံပြု ပြောဆိုတယ်။

၂။ ကျန်တော် “ကောင်းကင် နတ်သ္မီးလေးဆီ ဖုန်းဆက် ရတာပေါ့” ။ ကျန်တော် ချက်ချင်းဖုန်းနံပါတ် (၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ကိုနှိပ်လိုက်တယ်။ ကလင် ကလင်..ကလင်…ဟော ဖုန်းဝင်ပြီ။ “ ဟုတ်ကဲ့ အမိန့်ရှိပါရှင့် ကျမ ကောင်းကင်ပါ” ဆိုပြီး ကောင်းကင်လေးက ပျားရည်လူးထားတဲ့ အသံလေးနဲ့ အယာဉ်ကျေးဆုံး စကားလုံးကို သုံးကာ ပြန်ပြောတယ်။ ဟုတ်ကဲ့ ကျန်တော်က (………) ပါဆိုပြီး မိတ်ဆက်ရင်း သိချင်တာကို မေးဖြစ်ခဲ့တယ်။

“ကောင်းကင်ရေ မင်းမျက်နှာပြင် မှောင်မဲနေပါလား။ မျက်ရည်တွေနဲ့ ပြည့်နေသလား ထင်ရတယ်”။ “ ကောင်းကင် ဘာဖြစ်နေတာလဲ ။ ငိုနေတာလား။ ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ။” စိုးရိမ်စွာနဲ့ ကျန်တော့မေးခွန်းတွေ အဆက်မပြတ် စီဆင်းခဲ့တယ်။ စကားပြောနေရင်းနဲ့ ကောင်ကင်လေး ထံမှ “ တရှုပ်ရှုပ် အသံထွက်ပေါ်လာတယ်” အား …“ ကောင်းကင်လေး မင်း တကယ်ငိုနေတယ်ပေါ့နော်။” ပြောစမ်း ဘာဖြစ်တာလဲ လို့ ကျန်တော် ထပ်မေးတော့ “ ဟုတ်ကဲ့ “ ကျမ တိတ်တိတ်လေးပဲ ငိုနေတာပါတဲ့” ဘာဖြစ်လို့လည်းဆိုတော့ “ ကိုနေမင်း မလာနိုင်လို့တဲ့ ”လေ ။

၃။ ဒါနဲ့ ကျန်တော် နေမင်းဆီကို ဖုန်ုးထပ်ဆက်ရပြန်တယ်။ ကလင်..ကလင်..ကလင်..“ ဟုတ်ကဲ့ အမိန့်ရှိပါ။ နေမင်း စကားပြောနေပါတယ်” ကိုနေမင်း ဖြေတယ်။ ကျန်တော်က“ ကိုနေမင်းရေ… ကောင်းကင် မျက်နှာမကောင်းဘူးဗျာ။ သူအခု ငိုနေတယ်။ အဲဒါ ခဗျား မလာလို့ဆို ” လို့ပြောပြီး မေးလိုက်တယ်။ နေမင်းက “ ကျန်တော် လာပါတယ်ဗျာ။ ဒါပေသိ မြူနှင်းတွေက တဝေဝေနဲ့ ကာဆီးကာဆီး လုပ်နေလို့ ကျန်တော့ကို မမြင်ရတာပါ” အဲဒါ ကျန်တော့ အပြစ်မဟုတ်ပါဘူး။ မြူနှင်းတွေ လုပ်တာပါ။ လို့ ထပ်ပြောပြန်တယ်။

၎။ ဒါဆို ကျန်တော် “ မြူနှင်းတွေဆီကို ဖုန်းဆက်မေးရမှာပေါ့” ဆိုပြီး ဖုန်းနံပါတ်ကို ကိုနေမင်းဆီက ချက်ချင်းတောင်းပြီး ဆက်လိုက်တယ်။ ကလင်…ကလင်..ကလင်…“ ဟုတ်ကဲ့ အမိန့်ရှိပါရှင့် ကျမ မနှင်းပါ ” ဆြိုပီး မြူနှင်းတွေထဲက ခေါင်းဆောင်လို့ ထင်ရတဲ့ မနှင်းလေးက ဖုန်းကိုင်တယ်။ ကျန်တော်လည်း “ အော် ဟုတ်ကဲ့ ကျန်တော် ( ……) ပါ။ မေးစရာလေး ရှိလို့ပါဆိုပြီး ..

“ မနှင်းရေ… မ ကောင်းကင်လေးက ပြိုတော့မလို ငိုယိုယိုနဲ့အုံးဆိုင်းနေပါတယ်။ အဲဒါ ဘာလို့လည်းလို့ မေးကြည့်တော့ ကိုနေမင်း မလာလို့ ပါလို့ပြော ပါတယ်။ နေမင်းဆီကို ဖုန်းဆက်မေးတော့ သူလာပါတယ်။ ဒါပေသိ မနှင်း အပါဝင် မြူနှင်းတွေက တဝေဝေနဲ့ ကာဆီးထားလို့ လို ပြောပါတယ်။ ” အဲဒါ “ မနှင်းတို အုပ်စု ဘာလို့ လာရတာလဲဗျာ” လို့ မေးတော့ “ နှင်းတို့အုပ်စုက ကိုဆောင်း ခိုင်းတဲ့အတိုင်း လုပ်ပေးရတာပါရှင်” ကျမတို့ကို ပြောမယ်ဆိုရင် ကိုဆောင်းကိုပဲ ပြောပါဆိုပြီး ကိုဆောင်း ဖုန်းနံကိုပေးပြီး ဖုန်းချသွားတယ်။

၅။ နောက်ဆုံး ကျန်တော် ကိုဆောင်းဆီ ဖုန်းဆက်ရတာပေါ့။ ကလင်..ကလင်…“ ဟလို ကျန်တော် ဆောင်းပါ ပြောပါ” ဆိုပြီး အသံခပ်တင်းတင်းနဲ့ ကိုဆောင်း ဖုန်းကိုင်တယ်။ ကျန်တော်စိတ်ထဲမှာ “ အင်း ကိုဆောင်းကတော့ တင်းတင်းပဲ” အတော် ထန်မဲ့ပုံပဲလို့တောင် ခဏတွေးဖြစ်သေးတယ်။ ဒါနဲ့ သိချင်တာကို မေးတာပေါ့။ ဟုတ်ကဲ့ ကိုဆောင်းရေ…ကျန်တော်က ( ….) ပါဆိုပြီး မိတ်ဆက်တယ်။

ပြီးတော့…ကျန်တော် သိချင်တာလည်း မေးပါရစေနော် ဆိုပြီး…… “ ကျန်တော် ပထမ ကောင်းကင်လေး ငိုမလိုလို ဖြစ်နေတာကိုမြင်လို့ မိုးလေဝသနဲ့ ဇလဗေဒ တာဝန်ခံကို ဖုန်းဆက်ပါတယ်။ သူက သူတို့မှာ စက်ချွန်ယွင်းနေလို့ သိချင်ရင်ကောင်းကင်းလေးကို ဖုန်းဆက်မေးဖို့ ပြောပါတယ်။

ဒုတိယ ကျန်တော် ကောင်းကင်လေးကို ဖုန်းဆက်တယ်။ ကောင်းကင်လေးက ကိုနေမင်း မလာလို့ ကျမ ငိုမလိုလို ဖြစ်နေတာပါ လို့ ပြောပါတယ်။ တတိယ ကျန်တော် နေမင်းဆီကို ဖုန်းဆက်ပါတယ်။ ကိုနေမင်းက သူလာပါကြောင်း ၊ ဒါပေသိ မြူနှင်းတို့ အုပ်စုက တဝေဝေနဲ့ ကာဆီးထားလို့ ဖြစ်ကြောင်း ပြောတယ်။

စတုတ္ထ ကျန်တော် မြူနှင်းတို့ အုပ်စုကို ဖုန်းဆက်မေးတော့ မနှင်းလေး ဖုန်းကိုင် ပြောတာက သူတို့ကို ကိုဆောင်းက စေလွတ်တာ ဖြစ်ကြောင်း၊ မေးစရာ ၊ ပြောစရာ ရှိရင် ကိုဆောင်းကိုပဲ မေးပါ၊ ပြောပါဆိုလို့ အခုကျန်တော် ကိုဆောင်းကို ဖုန်းဆက်တာပါလို့” ဖြစ်ပျက် အစုံကို ပြောပြလိုက်တယ်။

“ ဟုတ်တယ် ဒါဆို ခဗျား ဘာဖြစ်ချင်လဲ” လို့ ခပ်တင်းတင်းပြောတယ်။ ကျန်တ်ေလည်း “ဟုတ်ကဲ့ ကိုဆောင်း…ကျန်တော်က မနက်တိုင်း ကြယ်လင် ပြတ်သားလှတဲ့ ကောင်းကင်လေးရဲ့ အပြာရောင် မျက်နှာလေးကို ကြည့်ချင်တယ်။ ကြည့်ရတာကို ချစ်တယ်။ ကြည်လင်တဲ့ ကောင်းကင်လေးရဲ့ မျက်နှာပေါ်မှာ ငှက်ကလေးတွေ တေးဆိုရင်း ပျံသန်းနေတာကို မြင်ချင်တယ်။ နွေးထွေးမူနဲ့ အားအင်တွေကို မွေးဖွားပေးတဲ့ ကိုနေမင်းရဲ့ ထွက်သစ်စ အရောင်ကို ခံစားချင်တယ်။ မြင်ချင်တယ်။ ”

“အခုတော့ ကိုဆောင်းက မနှင်း ဦးဆောင်တဲ့ မြူနှင်းတို့ အုပ်စုကို လွတ်ပေးထားတယ်။ အဲဒါကြောင့် ကျန်တော့ ကောင်းကင်လေး မျက်နှာနဲ့ ကိုနေမင်းရဲ့ ထွက်သစ်စ အရောင်လေးကို မမြင်ရဘူး။ ”

“မနှင်းတို့ အုပ်စုက ဗိုလ်ကျ ခြေလှည်နေလို့ ကျန်တော် သိပ်အေးနေရပါတယ်။ အဲဒါကြောင်း ကိုဆောင်းရေ…ခဗျား ကျန်တော့ကို ကူညီတဲ့ အနေနဲ့ မနှင်းဥိီးဆောင်တဲ့ မြူနှင်းတို့ အဖွဲ့ကို ပြန်ခေါ်ပေးပါလားဗျာ” လို့ ကျန်တော်က အသနားခံ တောင်းပန်တယ်။

ဒါပေသိ ကိုဆောင်း ပြောလိုက်တာက “ ဒီမှာ ကို (….) ခဗျား သိထားဖို့က ဒီအချိန်ဟာ ကျန်တော် ပိုင်တဲ့အချိန်။ ကျန်တော့ကို အလှည့်ကျ တာဝန်ပေးထားတဲ့ အချိန်။ လုပ်ချင်ရာ လုပ်ဖို့ အာဏာ အားလုံးကို ပုံပေးတဲ့အချိန်။ ချင်းချင်းပြောမယ်ဗျာ…ဒီအချိန်ဟာကျန်တော် အာဏာရှိတဲ့အချိန်ဗျာ။ ကျန်တော် လုပ်ချင်ရာကို လုပ်မယ်။ ”

“ကျန်တော် အာဏာမရှိတဲ့ အချိန်မှာလည်း အာဏာရှိတဲ့ ကိုမိုးတို့၊ ကိုနွေတို့က သူတို့လုပ်ချင်ရာကို လုပ်သွားကြတာပဲ။ ကျန်တော်တို့ ခံရတာပဲလေ။ ” “ ဒီမှာ (…..) ခဗျား မှတ်ထားသင့်တာက အာဏာဆိုတာ အချိန်တိုင်း မရနိုင်သလို့ ၊ ပါဝါဆိုတာလည်း အချိန်တိုင်းမှာ လူတိုင်းကို သုံးလို့ရတာမဟုတ်ဘူး။ အာဏာရှိနေတုန်း ပါဝါကို သုံးရတာ။ ခဗျား မြဲမြဲ မှတ်ထားပါ။ ” တဲ့။

နောက်ဆုံး ကျန်တော် ခဗျားကို သနားတဲ့ အနေနဲ့ မှာထားချင်တာက “ အခွင့်၊ အာဏာ၊ ပါဝါဆိုတာ အမြဲတမ်း ရရှိနိုင်တာ မဟုတ်တဲအတွက် ရရှိတုန်း လုပ်ချင်တာကို လုပ်မယ်။ အဲ..ခဗျားတို့ ပြင်ဆင်ထားသင့်တာက ကျန်တို့ အာဏာသားတွေကို ရင်ဆိုင်တွေ့ဆုံဖို့ ဘာလိုအပ်သလဲ။ (ငွေလား အဲ မဟုတ်ပါဘူး မှားသွားလို့)။ အနွေးထည်လား။ စောင်လား။ ခြေစွပ်လား။ လက်စွပ်လား။ ခေါင်းစွပ်လား။ အဲဒါကိုပဲ ပြင်ထားပါ။ ဆင်ထားပါ။ ” ဆိုပြီး အာဏာသားပီပီ ဖုန်းကို ဝုန်းဒိုင်း မြေအောင် ချသွားပါတယ်။ ( အဲဒါ ကိုဆောင်း ပြောတာနော်)။

သြော် ဘုရားရေ……အာဏာရူးနေလိုက်ပုံများနော်။ အဲ …ဆောင်းရာသီဖြစ်တဲ့ ကိုဆောင်းကို ပြောတာပါ။ လူတွေကို မပြောပါဘူး။ အာဏာသား ကိုဆောင်းက သူ့အာဏာရှိတုန်း ပါဝါတွေနဲ့ သူပိုင်တဲ့ မြူနှင်းတို့ အုပ်စု အပါအဝင် မြူနှင်းတိုကို လက်နက် ခဲယန်းသဖွယ် ထောက်ပံပေးတဲ့ ကိုလေညင်းကိုတောင် လွှတ်လိုက်ပါသေးတယ်။

အင်းလေ..…ကိုဆောင်းက သူ့ အာဏာကို အကုန်သုံးနေမှတော့ ကျန်တော် ဘာတတ်နိုင်မလဲလေ။ နောက်ဆုံး သူတို့ကို ရင်ဆိုင်ဖို့ အခန်းတံခါးကို အလုံပိတ်၊ အနွေးထည်ဝတ်၊ ခေါင်းစွပ်၊ လက်စွပ်၊ ခြေစွပ်၊ စွပ်ပြီး ကျန်တော်ရဲ့ ဆောင်းတစ်နေ့ကို အခန်းထဲမှာပဲ တိတ်ဆိတ်စွာ ရင်ဆိုင်လိုက်ပါကြောင်း မှတ်တမ်း တင်အပ်ပါတယ်။

အားလုံးကို လေးစားလျက်…

တော်ဝင်ထွန်း

၂၂.၁၁.၂၀၀၉

ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

Thursday, November 19, 2009

“Boyfriends and 3 R's”

Some of you may be frown what the hell is going on with boyfriends and 3 R's . Hey guys, you all have already known 3 R's , huh? 3 R's in environment. What are they? Here they are.
1) Reduce
2) Rejuse
3) Recycle

You may think there will come another 3 R's again.Don't worry, guys! They are the same.
1) Reduce
2) Reuse
3) Recycle

1) Reduce
Let's go for reducing boyfriends.

These days, good men are rare ,aren't they? It can make women have reducing numbers of boyfriends. - If u don't love him that much but want to have someone to hang out, just grab your boy friends to be with you or borrow one from your close friends or from your elder sister.

- save the number of boyfriends coz the fewer they are the more time you will get.

- you can reduce boyfreinds by using a computer! Many boys are online now. Instead of hanging out with them outside , you can date them on the Internet.
(Ref:http://www.factmonster.com/ipka/A0775891.html)

2) Reuse

When we are annoyed of something they did , we just break with them.Instead of breaking up with them , try to find ways to use them again! For example:
- Rethink to break the relationship twice or thrice. ( for my experience, sometimes the fish missed from our hands are bigger than the ones in our hands.);P



3) Recycle

When you find your boyfriend useless , dont' think to break up with him. Let's recycle him, huh?

- If he is not good at the cinema, use him for shopping.
- If he is not good at singing, use him for something he is good. Like asking him to pick u up somewhere.
( but don't ever try to use them for .....)
(Ref:http://www.factmonster.com/ipka/A0775891.html)
By Judy @ YU YU



P.S This artile was written by Judy @ YU YU who is freelance traslator . According to her, this article was targeted all readers happy and funny. And even thought she said that was for funny, we can use some of her ideas for something. :) I wanna give apice of suggestions to my guys , readers that here in this article, she wrote for boyfriends but for guys, to write for girlsbfriends, we just substitute one word " boyfriends to grilfriends" so that will make girls funny more. :):):) wish all readers to be happy and funny while reading this post of Judy @ YU YU

All of you are appreciated and respected.

Tawwin Tun.

19.11.2009

ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

Friday, November 13, 2009

“ကျေးဇူးတရား”

“ ကျေးဇူးတရား” ဆိုသည်ကို ကျန်တော်တို့ အားလုံး ကြားဖူး၊ သိဖူး၊ ဖတ်ဖူး၊ မှတ်ဖူး ကြမယ်ထင်ပါသည်။ သို့သော် တစ်ခါခါမှာ ကျေးဇူးတရားဆိုသည်ကို သိဖို့ ခက်ခဲ့ပါသည်။ သိသော်လည်း ထုတ်ဖော်ဖွင့်ဟ ဝန်ခံ ပြောပြဖို့ ပိုခက်ခဲ့ပါသည်။ ထုတ်ဖော်ဖွင့်ဟ ဝန်ခံ ပြောပြသိတိုင်အောင် လက်တွေ့ ကျင့်ကြံဖို့ကား အလွန်ခက်ခဲ့သည်ဟု ထင်မိပါသည်။

“တစ်လုပ်စားဖူး သူ့ကျေးဇူး” တဲ့။ ငယ်ငယ်ကတည်းက ကြားဖူးသည့် သည်စကားတစ်ခွန်း။ ထမင်းတစ်နပ်၊ ရေခွက်၊ ကွမ်းတစ်ယာ၊ ဆေးတစ်လိပ်က အစ၊ စကားတစ်ခွန်း၊ အကြံကောင်းတစ်ခု၊ စသည်ဖြင့် ပေးကမ်း ကူညီဖူးသူသည်ပင်လျင် ကျေးဇူးရှင် ဖြစ်ကြောင်း သိမှတ်သင့်သည်ဟု ဆရာ အဆက်ဆက် မှားစကားများကိုလည်း ကြားယောင်မိပါ၏။ နောက်ဆုံး “တစ်ခဏတာမျှ အရိပ် ခိုနားခွင့်ရသော သစ်ပင်သည်ပင်လျှင် ကျေးဇူးရှိသည်” ဟုလည်း မှတ်သားဖူးပါသည်။

ဤသို့ဆိုလျင် “ကျေးဇူးရှင်တွေ” က ဘဝတစ်ခုကို နည်းလမ်းမျိုးဖြင့် နေရာမျိုးစုံ၊ ပတ်ဝန်းကျင်မျိုးစုံမှာ ကျင်လည် ဖြတ်သန်းနေရတဲ့ ကျန်တော်တို့မှာ မရေမတွက်နိုင်အောင် များပြားနေမှာ သေချာပါသည်။ သို့သော် လူသားဖြစ်သော ကျန်တော်တို့သည် မတူညီတဲ့ နေရာ၊ မိသားစု၊ ပတ်ဝန်းကျင်မှ ပေါက်ဖွား၊ ကြီးပြင်း၊ ကျင်လည်နေကြရသည့် အလျှောက် ဘဝကို ဖြစ်သန်းရာဝယ် အသွင်သဏ္ဍာန်အားဖြင့် မတူညီနိုင်သည့်အတွက် “ကျေးဇူးပြုပေးသူနှင့် ကျေးဇူးပြုခံရသူ၊ ကျေးဇူးပြုပုံချင်း” ကွာခြားနေမည်သာ ဖြစ်ပါသည်။

မတူညီတဲ့ ပတ်ဝန်းကျင်နှင့် နေရာမျိုးစုံမှာ ကျင်လည်ဖူး ၊ ကျင်လည်ဆဲ ဖြစ်သော ကျန်တော့်ဘဝမှာကား “ကျေးဇူးရှင်” တွေ မရေတွက်နိုင်အောင် များပြားလွန်းလှပါသည်။ ပထမအနေဖြင့် ကျန်တော့်ကို အသက် ၁၇ နှစ်အထိ ကျွေးမွေး၊ ပြုစု၊ ထောက်ပံပေးလိုက်သော ကျန်တော် သိပ်ချစ်ရသော မိဘနှစ်ပါး၊ မိဘသဖွယ် ကူညီ၊ ထောက်ပံပေးခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ပါသည်။ ဒုတိယ အနေဖြင့်ကား ကျန်တော်၏ သူငယ်တန်းပြ ဆရာမ ဒေါ်ခင်ညွန့်ရီနှင့် (မသေချာတော့ပါ) ပညာမျိုးစုံ၊ အသိပညာ၊ ဗဟုသုတမျိုးစုံကို နည်းလမ်းမျိုးစုံဖြင့် သွန်သင်ဆုံးမခဲ့၊ သွန်သင်ဆုံးမ ပေးနေဆဲ ဖြစ်ကြသော၊ လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံက ကျန်တော့်၏ သင်၊ မြင်၊ ကြား ဆရာ၊ ဆရာမများ ဖြစ်ကြပါသည်။

တတိယအနေဖြင့် ကျန်တော့် လက်ရှိ အသက်အရွယ် နှစ်ဆယ်ကျော်အထိ ကျင်လည်ဖူးခဲ့၊ ကျင်လည်နေဆဲဖြစ်သော နိုင်ငံမျိုးစုံ၊ နေရာမျိုစုံ နှင့် ပတ်ဝန်းကျင် မျိုးစုံက၊ ကျန်တော့်ကို နည်းလမ်းမျိုးစုံဖြင့် ကူညီခဲ့ ၊ ကူညီပေးဆဲဖြစ်သော လူမျိုးပေါင်းစုံဖြစ်ပါသည်။ ကျန်တော့်ဘဝမှာကား ကျေးဇူးရှင်တွေ များလွန်းလှပါတကား..။ သို့သော် သူတစ်ပါးရဲ့ “ကျေးဇူးအထူးကို ဘယ်လောက်အထိသိပြီး၊ ဘယ်လောက်ထိ ပေးဆပ်ပြီးပြီလဲ၊ ဘယ်လောက်အထိ ပေးဆပ်သင့်သလဲ၊ ဘယ်လို ပေးဆပ်သင့်သလဲလို့” မေးလာရင်တော့ ကျန်တော့်အတွက် ရေငုံနုတ်ပိတ် တိတ်ဆိတ်နေရလိမ်မယ် ထင်ပါသည်။

အမှန်တစ်ခုကို ဝန်ခံရလျင်ကား ကျန်တော်သည် မိဘကျေးဇူးနဲ့ ဆရာ့ကျေးဇူးကို မမေ့သောအားဖြင့် နှစ်စဉ်နှစ်တိုင်း အဆင်ပြေလျင် ပြေသလို တတ်စွမ်းသမျ လှမ်းကန်တော့မြဲဖြစ်ပါသည်။ ထိုသို့ဆိုလျင် “တစ်ခြားလူတွေ၏ ကျေးဇူးတရားကိုကား ဘယ်လို့ တုန့်ပြန်သလဲ” လို့မေးစရာဖြစ်လာပါသည်။ သူတထူး၏ ပြုခဲ့ဖူးသော ကျေးဇူးတရားကိုကား အပြည့်အဝ ပြန်ပေးဆပ်ရန် မည်သည့်နည်းနှင့်မျှ မတတ်ကောင်းဟုထင်ပါသည်။ လက်ရှိအခြေအနေမှာလည်း ပြန်လည် ပေးဆပ်ရန် မတတ်ကောင်းသေးကြောင်း ဝန်ခံရမည် ဖြစ်ပါသည်။ သို့သော် ကျန်တော့် အမြင်မှာ “ကျေးဇူးတရား” ကို ပြန်လည်ပေးဆပ်ဖို့ မတတ်စွမ်းသည့်တိုင်အောင် “ကျေးဇူးမကန်းဖို့တော့ အထူးလိုအပ်မည်ဟု” အပြည့်အဝ ယုံကြည်ထားပါသည်။

“ကျေးဇူးရှင်အား ကျေးဇူးကန်းက ယခု တစ်သက် မကြီးပွား” ဟုလည်း ငယ်ငယ်တကည်းက မှတ်သားဖူးပါသည်။ အရွယ်ရောက်တော့ ဘုရားဟော ဇာတ်နိပါတ်တော်များအား လက်လှမ်းတစ်မှီ ဖတ်ကြည့်ဖြစ်ပါသည်။ ဇာတ် နိပါတ်များအဆိုအရ “ကျေးဇူးကန်းသောသူသည် ယခု ပစ္စုပ္ပန်ဘဝမှာ ဆင်းရဲ မွဲတည်နိုင်သည့်အပြင် တစ်ခြားဘဝတွေမှာလဲ မကောင်းသော ဘုံဌာန ဟု ခေါ်ဆိုအပ်သော ငရဲသို့ ကျရောက်တတ်ကြောင်း” ဖတ်ရှု့ရပါသည်။ သို့ဖြစ်သည့်အတွက် မိမိအား ကျေးဇူးပြုပေးခဲ့သူများ နှင့် ကျေးဇူးပြုပေးဆဲ ပုဂ္ဂုလ်များအား ကျေးဇူးကို ပြန်လည် မဆပ်နိုင်သည့်တိုင်အောင် ကျေးဇူးမကန်းဖို့ အတွက် အစဉ်သတိထား နေထိုင် ပြောဆိုရပါသည်။

တစ်ခြားတစ်ဖက်မှာ ကျန်တော်တို့ကိုယ်တိုင်သည်ပင်လျင် တစ်ခါခါ တစ်နည်းနည်းဖြင့် ကျေးဇူး ပြုပေးသူများ ဖြစ်နိုင်ပါသေးသည်။ ထိုအခါကား ကျန်တော်တို့ အနေဖြင့် “မည့်သည့်စိတ်နှင့် သူတစ်ပါးအား ကျေးဇူးပြုသင့်ပါသလဲ” ဟု မိမိကိုယ်ကို မေးကြည့်ဖူးပါသည်။ ကျန်တော့် အဖြေမှာကား “ ကျေးဇူးအပြုခံသူသည် နည်းနည်းအားဖြင့် မိမိဆီမှ တစ်ခုခုကို လုပ်အပ်နေသောသူဖြစ်သည် သို့မဟုတ် မိမိထက် တစ်ခုခု မပြည့်စုံသူများ ဖြစ်ကြောင်း” အဖြေရပါသည်။ အလုံးစုံ ပြီးပြည့်စုံသော လူသည် ဤလောက၌ မရှိသည်ကား အမှန်ပင် မဟုတ်ပါလား။ ထိုအခါတွင် ဘုရားဟော တရားတော်အရ မိမိအောက် ငယ်သော သူများအား သနားကြင်နာသော စိတ် (မုဒိတ) ဖြင့်သာ ကူညီးပေးကမ်းသင့်ကြောင်း လေ့လာရပါသည်။

သို့မဟုတ်ပါက သာမန်လောကလူသားတို့၏ နေ့စဉ်ဘဝတွင် ဖြစ်တတ်လေ့ရှိသော မလိုအပ်သည့် မျော်လင့်ချက်များနဲ့ တောင်းဆိုမူများလည်း တစ်ချိန်တည်းမှာ ပူးတွဲဖြစ်ပေါ်လာတတ်ပါသေးသည်။ ထိုပြဿနာများသည် တစ်ခါခါ ကျေးဇူးပြုပေးသူ၏ စိတ်သဘောထား မပြည့်မူကြောင်း သော်လည်း၊ ကျေးဇူးပြုခံသူ၏ မူမမှန်သော ကျေးဇူးကန်းမူကြောင်း သော်လည်း ဖြစ်လေ့ရှိပါသည်။ ဤသို့ဖြစ်လာလျင်ကား ကျေးဇူးပြုပေးသူနှင့် ကျေးဇူး အပြုခံရသူတို့အကြား ပြဿနာမျိုးစုံ ဖြစ်ပွားနိုင်ပါသည်။ ၎င်း မမျှော်လင့်သော၊ အလိုလားအပ်သော ပြဿနာများ ဖြစ်လာလျင်ကား နှစ်ဦးနှစ်ဘက် အကျိုးနည်းကြရသည်သာ ဖြစ်ပါသည်။

အရာရာသည် ဖြစ်တတ်သည့်သဘောကို မကျော်လွန်နိုင်သည့် အတွက်လည်း ထို့သို့ပြဿနာများသည် မဖြစ်ချင်အဆုံး ဖြစ်ပွားလျက်ရှိသည်ကိုလည်း ကျေးဇူးပြုပေးသူ တော်တော်များ တွေ့ဖူး၊ ကြုံဖူး၊ ခံစားဖူးမည်ဟုထင်ပါသည်။ ဤသို့ တွေ့ဖူး၊ ကြုံဖူး၊ ခံစားဖူးသူများအထဲတွင် မိမိလည်း တစ်ယောက် အပါအဝင်ဖြစ်ပါသည်။ သို့သော် “ ဤလောက၌ လူသားတို့သည် ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုမို မြတ်နိုးသင့်သည်” ဟု ခံယူထားသော ကျန်တော့်စိတ်ထဲတွင်ကား မည့်သည့်ပြဿနာမျိုးနှင့်ပင် ကြုံတွေ့ရသည်ဖြစ်စေ တတ်စွမ်းသမျ ဆတက်တိုးပြီး နိုင်သည့်ဘက်မှ လိုအပ်သည်များကို ကျေးဇူးပြုပေးမည်ဟု ခံယူထားဆဲဖြစ်ပါသည်။

ယနေ့ ခေတ် တဟုန်းထိုး တိုးတက်ပြောင်းလဲလာသော ကမ္ဘာ့ရွာကြီးဟု တင်စားနေသော ဤလောက၌ ကျင်လည်နေသော လူသားတို့သည် တစ်တောင့်တစ်နေရာတွင် တွေ့ကြဆုံကြ၊ ဆက်ဆံကြမြဲမို့ တစ်ဦးနှင့်တစ်ဦး တစ်နည်းနည်းဖြင့် ကျေးဇူးပြုပေးသူများ၊ ကျေးဇူးအပြုခံရသူများ ဖြစ်နေကြရပါသည်။ သို့ဖြစ်သည်ကား “ကျေးဇူးတရား” ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဖွင့်ဟ ပြောကြားသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ၊ ပြန်ပေးဆပ်သည်ဖြစ်စေ၊ မဆပ်သည်ဖြစ်စေ ဤကမ္ဘာလောကကြီး၌ “ကျေးဇူးတရား” သည်ကား အမြဲ တည်ရှိနေမည်သာဖြစ်ပါသည်။


မှတ်ချက်။ ။ ဤဆောင်းပါးဖြင့် ကျန်တော့်၏ အထူးကျေးဇူးရှင် မိဘများ ဖြစ်ကြသော ဦး ဦးထွန်းစိန်+ဒေါ်မေဖြူ အားလည်းကောင်း၊ ကျန်တော့်အား ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၏ လူမူသိပ္ပံဌာန၌ ပထမအကြိမ်မြောက် “ခေါင်းဆောင်မူ တစ်လသင်တန်း” ကို scholaship ရအောင် တစ်လလုံးလုံး အတူနေရင်း ကူည်ီပေးခဲ့သော ဆရာ steffen (ဂျာမဏီ) အားလည်းကောင်း၊ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် တစ်ခေါက်တွင် လက်ရှိတက်ရောက်နေသော တက္ကသိုလ်၌ ကျောင်းတက်ခွင့်ရအောင် အစစအရာရာ ကူညီ ကျောင်းသွင်းပေးသော Mr. Laurimg (Austrylia) အားလည်းကောင်း၊ ဒီဘလော့ဂ် ဖြစ်မြောက်အောင် စိတ်ရည်ရည်ဖြင့် အစစအရာရာ ကူညီပေးသော ညီငယ် Mr. Royal divide ( 2nd year, IBC, Thailand) (ဘလော့ဂ်ပေါင်းများစွာ ပိုင်ရှင်) အားလည်းကောင်း၊ တစ်ခြားသော တစ်ဒေါင့်တစ်နေရာက ကျေးဇူးပြုပေးသူများလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


တော်ဝင်ထွန်း

ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP