တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Thursday, December 17, 2009

”ကျိန်စာသင့်သော ဒီဇင်ဘာ တစ်ည”

“ကျိန်စာသင့်သော ဒီဇင်ဘာတစ်ည”

တကယ်ဆို အဲဒီညဟာ
မြပုလဲနဲ့တူတဲ့ နှင်းမြူတွေရဲ့
ပျော်ရွှင်ခြင်း၊ မြူးကြွခြင်း၊
ပွေ့ဖက် နမ်းရှိုက်မူတွေနဲ့အတူ
အချစ်တေးသံသာတွေကို
စီစီရီရီ ခင်းကျင်းထားပြီး
သိုသိုသိပ်သိပ် မြူးမြူးကြွကြွ
ရွှ့င်ရွှင်မြမြ လှပနေခဲ့တာ။

မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံစေဖို့
အဟောင်းတွေကို မောင်းထုတ်ရင်း
အသစ်သစ်တွေကို ထွေးပိုက်ကြိုဆိုဖို့
ထွန်းညှိထားတဲ့ ခရစ္စမတ်
မီးရှုးမီးတန်းတွေအောက်
တော်ဝင်သဇင်တွေနဲ့ အတူ
သစ်ခွ၊ ခွါညို ၊ ခရေအစ
ပန်းပေါင်းသိန်းသန်းမက
မြူးကြွ ခုန်ပေါက်ရင်း
ဝေဆာစွာ ဖူးပွင့်နေခဲ့ကြတာ။

သို့ပေသိ….
အမှောင်ဆိုတာ အမှားကို ကျူးလွန်ဖို့
အကောင်းဆုံးအချိန်လို့ ယူဆခဲ့ကြတဲ့
ငရဲသားတစ်ချို့ရဲ့ လူမဆန်စွာ
ရက်စက် ကြမ်းကြုတ်မူအောက်မှာ
သဇင်၊ သစ်ခွ၊ ခွါညို ၊ ခရေ ခရစ္စမတ်
မီးရှုး မီးတန်းအစ ကြယ်စင်လေးတွေရဲ့
ဝိညာဉ်တွေ…. ဝိညာဉ်တွေ…..ဝိညာဉ်တွေ….
လူသူမသိ၊ လက်ကမ်း ကူမယ့်လူမရှိ၊
တဖြုတ်ဖြုတ်နဲ့ အချွေခံနေခဲ့ရတာ..
အဲဒီညပေါ့…….တော်ဝင်သဇင်တို့၏
ဝိညာဉ်လောကထဲမှာ ကျိန်စာသင့်တဲ့
ဒီဇင်ဘာည အဖြစ် ကမ္ဗည်းထိုးခံခဲ့ရတာ။

အားလုံးကို လေးစားလျက်....

တော်ဝင်ထွန်း

၁၇.၁၂.၂၀၀၉

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP