” ဒိုင်ယာရီ ထဲက မှတ်တမ်းများ (၁)
ဆယ်ရက်ခရီး မှတ်တမ်း
၆.၁၂.၂၀၀၉ နေ့
တတိယအကြိမ်မြောက် တက္ကသိုလ်က စီစဉ်ပေးတဲ့ ဆယ်ရက်ခရီးကို မနက် ၈ နာရီမှာ စတင်ထွက်ခွာခဲ့တယ်။ ရွာလေးရွာတို့အလယ်တွင် တည်ရှိနေသော သညတော စခန်းသို့ မနက် ၁၀.၃၀ အချိန်တွင် ရောက်ခဲ့တယ်။ ရောက်လျင်ရောက်ချင်း ပတ်ဝန်းကျင် တစ်ခုလုံးကို အပြေးအလွှား ကြည့်လိုက်တယ်။
ပြီးခဲ့တဲ့နှစ်ကထက် အစစအရာရာ တိုးတက်ပြောင်းလဲနေတာ တွေ့ရတယ်။ အဆောင်အဦး အသစ်တွေ၊ ပန်းမျိုးစုံတွေ၊ သစ်ပင်တွေ၊ အခန်းတိုင်းမှာ ရေပူ ၊ရေချမ်း ရေချိုးစက်တွေနဲ့ပေါ့။ ထူးခြားတာ တစ်ခုက လယ်ကွင်းထဲမှာ စပါးပင်တွေအစား ဟင်းပင်တစ်မျိုးကိုပဲ တွေ့တယ်။ အဆောင်ဘေးနားမှာရှိတဲ့ စမ်းချောင်းလေးမှာ ရေတွေ ခမ်းခြောက်နေပြီ။ ပင်အိုဟောင်း တစ်ချိုလည်း အရွက်တွေမရှိတော့ဘူး။
ဒါနဲ့ ပါလာတဲ့ မိုးကာတဲ ကို အမိုးအကာမရှိ ပကတိ ကောင်းကင်အောက်တွင် ချလိုက်တယ်။ ကျန်တော်က ငယ်ငယ်တည်းက နှင်းပွင့်တွေနဲ့ အတူ ကစားရတာကို ချစ်တယ်။ အဲဒါကြောင်း မိုးကာတဲကို နှင်းတွေနဲ့ အနီးစပ်ဆုံး ထိတွေခွင့်ရအောင် ချလိုက်တာ။ ပြီးရင် နေ့လည်စာ စားကြတယ်။
နေ့လည်ပိုင်းမှာတော့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စကားပြောရင်း၊ ဝင်လာတဲ့ဖုန်း call ပေါင်း ၈ ခုကို ပြန်လည် ဖြေကြားပြီး ညနေဘက် စတင်မဲ့ Retreat ကို စောင့်စာရင်း အရာရာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေခဲ့ကြတယ်။
အစိီစဉ်ကို ည ၈ နာရီစတင်ခဲ့တယ်။ ပထမနေ့မို့ ၉.၃၀ နာရီအချိန်တွင် ပိတ်လိုက်တယ်။
၇.၁၂.၂၀၀၉ နေ့
မနက် ၃.၀၄ မိနစ်အချိန်တွင် ကျွန်ုပ်၏ ဝိညာဉ်သည် မနှင်းမြူ၏ ချစ်သူနဲ့ ဝေးကွာခြင်း နေရက်တွေကို ကျော်ဖြတ်၍ ယိုစီးကျဆင်းလာသော အလွမ်းမျက်ရည်တွေကြောင့် အေးစက်နေတဲ့ ခန္ဓာကိုယ်နဲ့အတူ နိုးထလာပြီး နှင်းပွင့်လေးတွေနဲ့အတူ အရုဏ်ဦး လေပြည်ညင်း၏ နူးညံ့တဲ့ အတွေ့အထိကို ခံစားရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ဘက်တွင် ပန်းပေါင်းစုံ ပွင့်ဖူးနေတဲ့ ဥယာဉ်ကြီး၏ အလယ်တွင် ငေးထိုင်ရင်း ပန်းပွင့်တိုး၏ လှပခြင်း ၊မွှေးကြိုင် ၊ သင်းပျံ့ခြင်းနဲ့အတူ ဖူးပွင့်ဝေဆာခြင်းမှ တစ်ဆင့် ကြွေကြ မြေခရတဲ့ အကြောင်းကို စဉ်းစားရင်း အတွေးတွေကို
အဆုံးသတ်ခဲ့တယ်။
ညနေ ၁၁. ၄၅ မိနစ်အချိန်တွင် ကျွန်ုပ်၏ဝိညာဉ်သည် တိတ်တဆိတ် လွမ်းဆွတ်နေသော အထီးကျန်ည၏ ရင်ခုန်သံနဲ့ အတူ အနားယူခဲ့တယ်။
၈.၁၂.၂၀၀၉ နေ့
မနက် ၄.၀၉ မိနစ်အချိန်တွင် ကျွုနိုပ်၏ ဝိညာဉ်သည် အိပ်မက် ချစ်သူ၏ ယားကျိကျိ ၊မွှေးသက်သက် ၊ ပွေ့ဖက် နမ်းရှိုက်ခြင်းနဲ့ အတူ နိုးထလာပြီး ထူးခြားဆန်းကြယ် အိပ်မက် သူယောင်မေ၏ ရင်ခုန်စရာ အနမ်းများကို ခံစားရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်းတွင် ပန်းနဲ့ လိပ်ပြာတို့၏ ချစ်ရေလူးတဲ့ မြူးကြွ ၊ပျော်ရွှင် ရယ်မောခြင်းအကြောင်းကို ရင်သပ်ရှူမော တွေးတောရင်း အတွေးကို ရပ်နားခဲ့တယ်။
ည ၁၁.၃၅ မိနစ်အချိန်တွင် ကွန်ုပ်၏ ဝိညာဉ်သည် ကြေကွဲညအကြောင်း သီဆိုနေသော ညငှက်တစ်ချို့၏ တေးသံနဲ့အတူ အိပ်စက်ခဲ့တယ်။
၉.၁၂.၂၀၀၉ နေ့
မနက် ၃.၁၉ မိနစ်အချိန်တွင် ကွန်ုပ်၏ ဝိညာဉ်သည် နှင်း၏ အေးစက် လွန်ကဲ့သော ထွေးပွေ့မှုနဲ့ တိုးတိုးတိတ်တိတ် ရွတ်ဆိုနေတဲ့ အချစ်သီချင်းသံနဲ့အတူ နိုးထလာပြီး အလွမ်းတွေနဲ့ အားနည်း နွမ်းလျှနေတဲ့ နူးညံ့ လရောင်လေးကို အဖော်ပြုရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်း သဘာဝကို ကိုယ်စားပြုသော သစ်ပင် ပန်းမန်တစ်ချို့၏ အကြောင်းကို တွေးတောရင်း အတွေးကို အဆုံးသတ်ခဲ့တယ်။
ညနေ ၁၂.၁၅ မိနစ်အချိန်တွင် ကျွန်ုပ်၏ဝိညာဉ်သည် ညအဖော် ပိုးကောင်တို့၏ လွမ်းဆွတ်ခြင်းအဓိပ္ပါယ်ကို ဖော်ဆောင်ပေး ကြူးရင့်သံနဲ့အတူ ရပ်တန့်ခဲ့တယ်။
၁၀.၁၂.၂၀၀၉ နေ့
မနက် ၃.၁၅ အချိန်တွင် ကွန်ုပ်၏ ဝိညာဉ်သည် တစ်ခြားကမ္ဘာမှ ဝိဥာည်တစ်ချို့၏ ပျော်ရွှ့င် ရယ်မောသံနှင့်အတူ နိုးထလာပြီး လယ်ကွင်းထဲမှ ပန်းကလေးများ၏ မွှေးရနံ့ များကို ရှူရှိုက်ရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်းတွင် ချစ်ခြင်း၊ မုန်းခြင်း၊ လွမ်းဆွေးခြင်း၊ ကြေကွဲခြင်း၊ သောက မီးတောက်တို့၏ လောင်မြိုက်မှုကို အလူးအလဲခံစားရင်း အသီးအပွင့်မရှိ ပကတိ တုံးတိတိဖြစ်နေရရှာတဲ့ ပင်အိုဟောင်း တစ်ချို့ ၏ ရာဇဝင်ကို တွေးမိရင်း အတွေးကို ရပ်နားခဲ့တယ်။
ညနေ ၁၂.၂၃ မိနစ်အချိန်တွင် ကွန်ုပ်၏ ဝိညာဉ်သည် တိတ်ဆိတ်ငြိမ်သက်မူကို ထိုးဖော်ဝင်ရောက်လာသော ဝါရွက်ဝါတစ်ချို့ ၏ တစ်ဖြုတ်ဖြူတ်ကြွေကျသံကို နားဆင်ရင်း နုပျိုခြင်းမှ ရင့်ရော်ခြင်း တစ်ဖန် နောက်ဆုံး ပိုင်ဆိုင်မှု အလှအပတရားတွေကို စွန့်လွတ်ရင်း ဘဝကို ဆုံးသတ်ရခြင်း သဘာဝကို ဆင်ခြင်မှုနဲ့ အတူ အိပ်စက်ခဲ့တယ်။
၁၁.၁၂.၂၀၀၉ နေ့
၎.၀၉ မိနစ်အချိန်တွင် ကျွန်ုပ်ဝိညာဉ်သည် အရုဏ်ဦး၏ အလင်းရောင်ကို လက်ကမ်းကြိုဆိုနေတဲ့ အချက်ပေးသံနှင့်အတူ နိုးထလာပြီိး ဆောင်းလေပြည်၏ ပွေ့ဖက်မှုကို ခံစားရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်းတွင် သစ္စာတရား၏ နောက်ကွယ်၌ ရင်ကော့ လမ်းလျောက်နေသော ဒုစရိုက်တရားတို့၏ ဘဝဇာတ်ကြောင်းကို တွေးတောရင်း အတွေးတွေကို ငြိမ်သတ်ခဲ့တယ်။
ညနေ ၁၁.၅၆ မိနစ်အချိန်တွင် ကျွန်ုပ်၏ ဝိညာဉ်သည် အနောက်တိုင်းသူ တစ်ချို့၏ သိပ်မလှတဲ့ ရင်နင့်ဖွယ်ရာ သတင်းတစ်ချို့ကို နားဆင်ရင်း အနားယူခဲ့တယ်။
၁၂.၁၂.၂၀၀၉ နေ့
မနက် ၃.၁၂ မိနစ်အချိန်တွင် ကျွန်ုပ်ဝိညာဉ်သည် နှင်းနတ်သမီးလေး ရေးဖွဲ့ သီဆိုထားသော တမ်းတခြင်း ဝတ်ရုံလွှာ တေးသီချင်းနဲ့အတူ နိုးထလာပြီး ဆောင်းနှမ၏ ဝတ်ရုံလွှာကို ခြုံလွှမ်းရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်းတွင် ရေကန်ကျယ်ကို ငေးမောရင်း ငါးလေးတွေ့ရဲ့ ချစ်ခြင်းမေတ္တာ ဖလှယ်ခြင်း အကြောင်းကို စဉ်းစားရင်း အတွေးတွေကို ရွက်လွှင့်နေခဲ့တယ်။
ညနေ ၁၂.၃၈ မိနစ်အချိန်တွင် ကျွန်ုပ်၏ ဝိညာဉ်သည် ညအခါတွင် ပင်လယ်တို့၏ ဖော်ပြန်တတ်ခြင်း သဘောကို ရယ်မောရင်း အနားယူခဲ့တယ်။
၁၃.၁၂.၂၀၀၉ နေ့
မနက် ၃.၄၅ မိနစ်အချိန်တွင် အကျွန်ုပ်၏ ဝိညာဉ်သည် နှင်းပန်းပွင့်တို့၏ အနှိင်းမဲ့ ချစ်ခြင်းမေတ္တာနှင့် နမ်းရှိုက်မှုကို အတားဆီးမဲ့ လက်ခံရင်း သူမတို့၏ ရင်ခုန်သံတွေနဲ့အတူ နိုးထလာပြီး ချစ်ခြင်းမေတ္တာတရားက မွေးဖွားပေးလိုက်သော ၊ အရာရာကို အကောင်းမြင်တတ်သောစိတ်ထား၊ အခက်အခဲ့မျိုးစုံကို ကျော်လွှားနိုင်သော မမြင်နိုင်သည့် စွမ်အားများနဲ့အတူ နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်းတွင် လယ်ကွင်းပြင်ကို ငေးကြည့်ရင်း ချစ်ခြင်းတရားကို ပြသပေးသော ဆောင်းအဖော် ငှက်ငယ်တစ်ချို့၏ အချစ်ပြိုင်ပွဲကို အားပေးရင်း အတွေးတွေကို ဖြတ်တောက်ခဲ့တယ်။
ညနေ ၁၂.၃၄ မိနစ်အချိန်တွင် ကျွန်ုပ်၏ ဝိညာဉ်သည် သစ္စာတရား၏ အရေးပါမူ၊ ထိုသစ္စာတရား၏ ငြိမ်းချမ်းခြင်း၊ တည်ကြည်ခြင်း၊ အပြစ်အနာဆာ မရှိခြင်၊ ပကတိ သန့်စင်ခြင်းနဲ့အတူ အစွမ်းသတ္တိကို ဆင်ခြင်းရင်း မှဲစက် အနားယူခဲ့တယ်။
၁၄.၁၂.၂၀၀၉ နေ့
မနက် ၄.၃၈ မိနစ်အချိန်တွင် ကွန်ုပ်၏ ဝိညာဉ်သည် ချစ်ခြင်းမေတ္တာ၏ အဓိပ္ပါယ်ကို ဆောင်ကြဉ်းပေးသော မွှေးကြိုင်သင်းပျံ့လာသော ပန်းရနံ့တို့၏ ပျော်ရွှင်မှု၊ ဝမ်းမြောက်မူ၊ အသံတိတ် ရယ်မောမှုတွေနဲ့ အတူ နိုးထလာပြီ လေလွင့်လာသော ရနံသင်းပျံ့သည့် ပန်းဝတ်မှုန်တို့၏ အတွေ့အထိကို ခံစားရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်ပိုင်းတွင် ရာဇဝင်ထဲ ချစ်ပုံပြင်တစ်ချိုကို ဆင်ခြင်ရင်း အတွေးတွေကို နားခိုင်းခဲ့တယ်။
ည ၁၂.၂၅ မိနစ်အချိန်တွင် ကျွန်ုပ်၏ ဝိညာဉ်သည် လူငယ်တို့၏ အားမာန်၊ သတ္တိ၊ မိမိကိုယ်ကို ယုံကြည်မှု၊ စွမ်းဆောင်မှု၊ သွက်လက် ဖျတ်လပ်မှု၊ စိတ်ကူးယာဉ် အိပ်မက်များကို အကောင်အထည် ဖော်နိုင်မှု၊ စိတ်ကူးယာဉ် ကမ္ဘာထဲဝယ် ပျော်ရွှင်မှု၊ အောင်မြင်မူ၊ အပေါင်းအသင်းမက်မောမူတွေကို တွေးတောခြင်းနဲ့အတူ အိပ်စက်တယ်။
၁၅.၁၂.၂၀၀၉ နေ့
မနက် ၄.၅၉ မိနစ်အချိန်တွင် ကျွန်ပ်၏ ဝိညာဉ်သည် ပြီးဆုံးခြင်း၊ အောင်မြင်ခြင်း လွတ်မြောက်ခြင်း အဓိပ္ပါယ်၏ အထိမ်းအမှတ် အဖြစ် တစ်ခြားသော ဝိဥာည်တို့၏ ပျော်ရွှင်မြူးထူး ရယ်မောခြင်းနဲ့ အတူ နိုးထလာပြီး ၁၀ ရက်အတွင်း မိမိနဲ့ အတူနေပေး၊ မိမိအား အဖော်ပြုပေးသော နှင်းမြူတွေ၊ လေပြည်ရေ၊ ပန်းပွင့်လေးတွေ၊ လိပ်ပြာလေးတွေ၊ ငါးလေးတွေ၊ သစ်ပင်တွေ၊ ညရဲ့အဖော် ပိုးကောင်လေးတွေ အပါဝင် ဝိညာဉ်အပေါင်းတို့အား လက်ဆွဲနုတ်ဆက်ရင်း နေ့သစ်ကို စတင်ခဲ့တယ်။
နေ့လည်စာ စားပြီးနောက်တွင် မိတ်ဆွေ ဝိညာဉ်တို့၏ ကား ခုနှစ်စီးနဲ့အတူ အပြန်ခရီး ကို စတင်ရင်း ပြန်လမ်းတစ်လျောက် ထူးခြားဆန်းကြယ် မြင်ကွင်းတွေကို ငေးကြည့်ရင်း တရိပ်ရိပ် ပြေးနေသော ကား၏ လျင်မြန်နှုန်းနဲ့အတူ အတွေးတွေကို အထိမ်းအကွပ်မဲ့ လွတ်ထားခဲ့တယ်။ ကြည်နူးဖွယ်ရ ရှူခင်းတွေရဲ့အလှတွေကို ခံစားနေခိုက် တဝီဝီနဲ့ အရေးပေါ် ရဲကားတစ်စီိး ဖြတ်မောင်သွားတာကို မြင်ခဲ့တယ်။
သုံးမိနစ်လောက် ကြာတော့ မီးပွိုင့် တစ်ခုကိုအရောက်မှာ ကားနဲ့ ဆိုင်ကယ် မတော်တဆတိုက်ခိုက်မှု မြင်ကွင်းကို မြင်ရပြီး ပြိုကွဲနေတဲ့ ဆိုင်ကယ် တစ်စီး၊ ဆိုင်ကယ်၏ မနီးမဝေးမှာ လဲနေတဲ့ လူတစ်ယောက်၊ အရေးပေါ် ကားထက်ကို တင်နေသော မလှုပ်မရှား လူတစ်ယောက်နဲ့ လူပေါင်းများစွာ ဝိုင်းကြည့်နေတာကို မြင်ခဲ့တယ်။
ထို ဆိုင်ကယ် တိုက်ဆိုင်မူ ဖြစ်ပွားခြင်းခံရသော လူငယ်နှစ်ဦးသည် ကမ္ဘာကြီး၏ အံသြဖွယ်ရာများကို ဆက်လက် ကြည့်ရှူ့ ခံစားနိုင်ပါစေဟု စိတ်ရော နှုတ်ပါ ဖွင့်ဟ ဆုတောင်းမိခဲ့တယ်။
နေ့လည် ၃ နာရီအချိန်တွင် မိခင်တက္ကသိုလ်၏ အခန်းထဲသို့ အောင်မြင်စွာ ရောက်ရှိပြီး ဆယ်ရက်ခရီးစဉ်၏ မှတ်တမ်းကို အဆုံးသတ်ခဲ့တယ်။
အားလုံးကို ချစ်ခင်လေးစားလျက်....
တော်ဝင်ထွန်း
၁၇.၁၂.၂၀၀၉
No comments:
Post a Comment