”ဆယ်ရက်ခရီးမှ မှတ်တမ်းများ (၁) ”
ကန်တော်ကြီးက ကျယ်လှတယ်
ရေက အလျှံပယ်။
ရေကြိုင်ထဲဝယ် ငါးတွေပေါ
အစားကျွေးတော့ လာလို့စား။
ငါးမျိုးတွေက စုံလိုက်တာ။
ရွှေငါးအပါ အဝင်ပါ။
ငခူငရံ့ ပါလိုက်သေး
အကောင်တွေက ကြီးကြီးပဲ။
သိပ်လိမ်မာတဲ ငါးတွေမှာ
လူကိုမြင်တော့ လာကြတာ။
ပါတာကျွေးတော့ သူတို့စား။
ကြည်နူးမဆုံး သိပ်ပျော်ပါး။
ဒါက ကျန်တော်တို့ ဆယ်ရက်ခရီးမှာ တည်းခိုတဲ့ စခန်းရဲ့ ရေကန်ကြီးပါ။
လိုအပ်တဲ့ သောက်ရေ သုံးရေ အပါအဝင်
စိုက်ပျိုးရေးအတွက်လည်း သုံးပါတယ်။
ရေကန်ကြီးနဲ့ စခန်းက ရွာ လေး ရွာရဲ့ အလယ်မှာ ရှိနေတာမို့ တည်းရ ခိုရတာ
အတော်လေးကို အဆင်ပြေစေပါတယ်။
ရေကန်ကြီးကို စနစ်တစ်ကျ တူးဖော်ထားတာပါ။ တစ်နှစ်လုံးလုံး သုံးပေမယ့် သိပ်မခန်းဘူးလို့ ဆိုပါတယ်။
အားလုံးကို လေးစားလျက်....
တော်ဝင်ထွန်း
၂၂.၁၂.၂၀၀၉
No comments:
Post a Comment