“ ဆယ်ရက်ခရီးမှ မှတ်တမ်း များ (၂) ”
(၁) ကဲ...အားမနာနဲ့တော့ ဘူဖေးကျွေးတာ။ ကြိုက်တာကို ထည့်ပြီး ကြိုက်တဲ့ နေရာမှာ သွားပြီး အားရပါးရ စားနိုင်တယ်။း)
(၂) ဒီပုံကတော့ ပထမနေ့ က နေ့လည်စာ။ ဘူးဖေးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဟင်းမယ်စုံတယ်။ ကြိုက်တာ ထည့်စားနော်။ ကျန်တော်ကတော့ အသားကျော်နဲ့ ငါးကျော်ကိုပဲ အားပါးတရ စားခဲ့တယ်။ သိပ်ခင်တဲ့ ပါမောက္ခကြီးတစ်ယောက်နဲ့ အတူစားကြတာလေ။း) သူစား ကိုစားပဲ။ အစားနဲ့ ပတ်သက်ရင် ပြောထားတယ်။ ဗိုက်နှစ်လုံးပါဘူးလို့။ တစ်လုံးကိုတော့ ဝအောင် ဖြည့်မှာပဲလို့။ အဲလို ပြောတော ပါမောက္ခကြီးက သဘောကျလို့ ထည့်ပေးတာနဲ့ အကုန်စားတာ။း)
(၃) ကားတွေကတော့ ပထမနေ့က လာတဲ့ ကားတွေပါ။ မြင်တဲ့အတိုင်းပဲ။ ကားထဲမှာ အစုံပါတယ်။ အစားအသောက်နဲ့ အိမ်သာ ပါတော့ သွားရတာ သိပ်သက်သာတယ်။ စားလည်း စား သွားလည်း သွားပေါ့။း)း)း)
အားလုံးကို ချစ်ခင် လေးစားလျက်...
တော်ဝင်ထွန်း
၂၃.၁၂.၂၀၀၉
No comments:
Post a Comment