“ချစ်နေမိတော့”
အလွမ်းတွေကို တိုးတိုးရင်း
အတွေးတွေကို မောင်းနှင်နေမိ။
ကိုယ်ချစ်သလို မင့်မချစ်လေတော့
ကဗျာတွေနဲ့ပဲ ချစ်နေရတယ်။
လမ်းညွန်မြေပုံ မရှိပေမဲ့
အိပ်မက် ကမ္ဘာထဲမှာတော့
ချစ်သူနဲ့ ဆုံနေကြ။
နားခိုစရာ နေရာမရှိတဲ့
လိပ်ပြာ တစ်ကောင်ကို
ဥယာဉ်တွေက ပန်းပွင့်တွေနဲ့
လှောင်ပြောင်တာ မဆန်းဘူးလေ။
မေတ္တာတရား ရှားတဲ့မြေမှာ
အချစ်ကို ပျိုးကြဲမိတော့
လိုသလောက် မထွက်တာ
စိုက်ပျိုးသူ ညံ့လို့ပဲ။
ဒီလိုပဲ အတွေးတွေကို
ဖြေသိမ့်လိုက်တယ်။
ရင်နဲ့အမျှ ချစ်နေမိလေတော့
အလွမ်းတွေကို တိုးချဲ့
အတွေးတွေကို ဆက်မောင်းရင်း
မလျော့သော အချစ်တွေနဲ့ပဲ
ဆက်ချစ်ရင်း ချစ်နေအုံးမယ်။
အားလုံးကို လေးစားလျက်..
တော်ဝင်ထွန်း
၂၀.၁၂.၂၀၀၉
အလွမ်းတွေကို တိုးတိုးရင်း
အတွေးတွေကို မောင်းနှင်နေမိ။
ကိုယ်ချစ်သလို မင့်မချစ်လေတော့
ကဗျာတွေနဲ့ပဲ ချစ်နေရတယ်။
လမ်းညွန်မြေပုံ မရှိပေမဲ့
အိပ်မက် ကမ္ဘာထဲမှာတော့
ချစ်သူနဲ့ ဆုံနေကြ။
နားခိုစရာ နေရာမရှိတဲ့
လိပ်ပြာ တစ်ကောင်ကို
ဥယာဉ်တွေက ပန်းပွင့်တွေနဲ့
လှောင်ပြောင်တာ မဆန်းဘူးလေ။
မေတ္တာတရား ရှားတဲ့မြေမှာ
အချစ်ကို ပျိုးကြဲမိတော့
လိုသလောက် မထွက်တာ
စိုက်ပျိုးသူ ညံ့လို့ပဲ။
ဒီလိုပဲ အတွေးတွေကို
ဖြေသိမ့်လိုက်တယ်။
ရင်နဲ့အမျှ ချစ်နေမိလေတော့
အလွမ်းတွေကို တိုးချဲ့
အတွေးတွေကို ဆက်မောင်းရင်း
မလျော့သော အချစ်တွေနဲ့ပဲ
ဆက်ချစ်ရင်း ချစ်နေအုံးမယ်။
အားလုံးကို လေးစားလျက်..
တော်ဝင်ထွန်း
၂၀.၁၂.၂၀၀၉
No comments:
Post a Comment