နေရောင်နဲ့အတူ ပေါက်ဖွား
နေရောင်နဲ့ အတူ ကြီးထွား
နေရောင်နဲ့မှ နိုးထ
နေရောင်ရမှ လန်းဆန်း
နေရောင်နဲ့မှ ရှင်သန်
နေရောင်ခြည်နဲ့ ပျော်ပါး
နေရောင်ရှိသမျ သူ့ဘဝက
လှပ၊မြူးကြွရပေမေ့
နေရောင်ကွယ်ပျောက်
အမှောင်ရောက်တော့
ကြီးထွားခြင်းတွေ ရပ်တန့်
ရှင်သန်ခြင်းတွေ ညှိုးနွမ်း
လန်းဆန်းခြင်းတွေ
ဒူးထောက်လက်မျြောက်
လှပမြူးကြွခြင်းတွေ
တိတ်တိတ်လေး
ငိုကြွေးနေရတဲ့
ပန်းနေကြာဘဝ။
နေခြည်ကို အမှီရမှ
ရှင်သန်လှပ နိုးထရပြီး
နေခြည်ကွယ်ပျောက်
အမှောင်ရောက်တော့
အတူလိုက်ပါ မှေးမှိန်ရတဲ့
ပန်းနေကြာလို့ ဘဝတော့
ငါမဖြစ်လို။
နေခြည်မလို
သြဇာမသုံး
နေ့ညအချိန်ခါ
ရာသီတွေနဲ့ မပေါင်းဖော်
တွေ့ရာပျော် ကြုံရာပါး
မြေမရွေး ရှင်သန်ကြီးထွားနိုင်တဲ့
ရွက်ကျပင်ပေါက်လေးပဲ
ဖြစ်ပါစေ
ငါကျေနပ်တယ်။
အားလုံးကို ချစ်ခင် လေးစားလျက်....
တော်ဝင်ထွန်း
၈.၀၁.၂၀၁၀
ဓာတ်ပုံက ဘန်ကောက် ပန်းခြံက ရိုက်လာတာပါ။
No comments:
Post a Comment