ခင်ဗျား တန်ခိုးရှင်လား
ဘယ်လောက် စိုးမိုးနိုင်၊
ကမ္ဘာ့မြေပြင်မက
ထက်စကြာဝဠာအထိ
စိုးမိုးနိုင်တယ် ဆိုပါတော့။
ခင်ဗျားသေတော့
ဘာတွေပိုင်သေး၊
အလျားလေးတောင်
မြေဇာတစ်ခုပဲ။
ဒါတောင် ငါပြောရဲ့တယ်
မြင်တဲ့အတိုင်းပဲ
ပြာကိုတောင် ယူမယ်ဆိုမှ
ကျန်ခဲ့တာလေး။
.......................
ခဗျား ဥစ္စာရှင်လား
ဘယ်လောက် ချမ်းသာ
ဒီကမ္ဘာပေါ် ရှိရှိသမျ
ခင်ဗျားဥစ္စာ မှတ်လိုက်ပါ။
ကဲ့ ခင်းဗျားသေတော့
ဘယ် ဥစ္စာလဲ ခင်ဗျားပိုင်တာ။
အဝတ်တစ်ထည်
ကိုယ်တစ်လုံးတောင်မှ
သူဘရာဇာ သနားမှ
ယူနိုင်တာလေး။
..........................
ခင်ဗျား ပညာရှင်ကြီးလား
ဘယ်လောက်တတ်ကျွမ်း၊
စာပေကျမ်းဂန် တစ်လုံးမကျန်
အကုန် ပြန်ဆိုနိုင်ပေါ့။
ဟုတ်ပါပြီ။
ကဲ့ ပညာရှင်ကြီး
ခင်ဗျား သေတော့၊
ခင်ဗျား ခေါင်းမှာ
ရေးထိုးထားနဲ့ ခင်ဗျားနာမည်
ဖတ်နိုင်သေးလား
ဖတ်ကြည့်စမ်းပါ။
..........................
ခင်ဗျား အလှပိုင်ရှင်လား
ဘယ်လောက်လှလို့
ဘယ်လောက်ချော၊
မေခေမာလား ၊ပပါလား
ဝိဇယလား ကစ္စည်းလား၊
တော်ဝင်သူ
မင်းသ္မီးမင်းသား
အရှုံးပေးလောက်တယ်ပေါ့။
ဟုတ်ပြီလေ။
အရွယ်လွန် အိုဟောင်းတော့
ဘယ်မလဲ ခင်ဗျားအလှ။
အရေပြားလား အရိုးလား
ဆံပင်ဖြူလား အသွေးလား။
တကယ်ဆို ခင်ဗျားရမှာ
သေချာတာက ….
အိုးခြင်းတစ်ဖြာ နားခြင်းတစ်ပါး
သေခြင်းတရား ဤသုံးပါးပဲ။
......................................
အားလုံးကို ချစ်ခင်လေးစားလျက်...
တော်ဝင်ထွန်း
၂၃.၁၂.၂၀၀၉
No comments:
Post a Comment