တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Saturday, December 19, 2009

“ဝိညာဉ်တော်၏ ဝန်ခံချက်”

အို...ဘုရားသခင်...
သားတော်၏ ဝိညာဉ်သည်
သန့်ရှင်းသော ဝိညာဉ်နှစ်ခုတို့၏
သဘောတူ ပေါင်းဖော်ခြင်းမှာ
ပေါက်ဖွားလာပြီး
ပန်းပွင့်နှင့်တူသော မိခင်၏
ပန်းဝတ်ရည်နှင့်တူသော
နို့ရည်ကို သောက်သုံးကာ
ဥယာဉ်ကြီးနှင့်တူသော
မိခင်၏ ရင်ခွင်တော်၌
လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊
ပျော်ရွှင်မှုတို့နှင့်အတူ
ကြီးပြင်းလာပါသည်။

အို...ဘုရားသခင်...
သားတော်၏ ဝိညာဉ်သည်
သစ္စာတရားကို ကိုးကွယ်ပြီး
မေတ္တာတရားကို ပေါင်းဖော်ကာ
ချစ်ခြင်းတရားနှင့်အတူ
ရှင်သန်နေသူဖြစ်သည်။

အို...ဘုရားသခင်....
လိပ်ပြာတို့သည်
ချစ်သူပန်းပွင့်တို့၏
အချစ်ဝတ်မှုန်တို့၌သာလျင်
လူးလာပျံဝဲ ပျော်ပါးဘိသကဲ့သို့
သားတော်၏ ဝိညာဉ်သည်
တွယ်တာမှု၊ နှောင်ဖွဲ့မှု
ချည်မျှင်တို့ဖြင့်
ရစ်ပတ် ချည်နှောင်ထားသော
ချစ်သူ၏ မေတ္တာ လှောင်အိမ်တွင်
ချစ်ခြင်းမေတ္တာ၏ အဖော်ဖြစ်သော
ပွေ့ဖက်ခြင်း နမ်းရှိုက်ခြင်းနှင့်အတူ
မွေ့ပျော်နေမိတော့သည်။

အို..ဘုရားသခင်....
သားတော်၏ ဝိညာဉ်သည်
ချစ်ခြင်းတရားတို့၏
အရာရာ၌ လွှမ်းမိုးတတ်ခြင်း၊
စွမ်းအားတွေကို မွှေးဖွားပေးခြင်း၊
အရာရာကို အကောင်းမြင်တတ်ခြင်း၊
သဘာဝ၏ အလှအပကို
ခံစားတတ်ခြင်းတို့ကို
သိမြင်သည့် ခဏ၌
ချစ်သူ၏ ရင်ခွင်တွင်
ပျော်ဝင်ပြီးသား
ဖြစ်နေတော့သည်။



အားလုံးကို လေးစားလျက်...

တော်ဝင်ထွန်း

၁၉.၁၂.၂၀၀၉

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP