“ဆောင်းရဲ့နှင်း”
ကန့်သတ်ထားတဲ့ အချိန်တွေကို
ကျော်လွန်ပြီးတဲ့ နောက်မှာ..
ချည်နှောင်ထားတဲ့ စည်းတွေ၊
ရစ်ပတ်ထားတဲ့ ကြိုးတွေ၊
တားဆီးထားတဲ့ ပညတ်ချက်တွေ၊
သတ်မှတ်ထားတဲ့ နေရာတွေ၊
ဒါတွေကို ခဝါချရင်း....
မိုင်ထောင်ချီ လမ်းတလျောက်၊
တွေ့သမျ မီးတောင်အစ၊
ကန္တာရ သဲသောင်၊
စမ်းချောင်းအစ ရေမြေတောတောင်၊
ခုန်လိုခုန် လွှားလိုလွှား၊
ကူးလိုကူး ဖြတ်လိုဖြတ်၊
မောပန်းတာကို မသိ၊
နှင်းနဲ့ တွေ့ဖို့ အသိနဲ့၊
ဆောင်း လာခဲ့တယ်။
နှင်း အထင်.....
ရာသီအလိုက် ပေါ်ပင်ကြိုက်တဲ့
ဆောင်းခို ငှက်ငယ် ရွှေဟင်္သာတွေ
ဆောင်းအားကိုးနဲ့ အလှတိုးတဲ့
လှမျိုးစုံတဲ့ ပွင့်ချပ်တစ်ရာ
ပန်းများစွာ အတွက်
ဆောင်းလာခဲ့တာ ဟုတ်ဘူးလေ။
နှင်းသာလျင်...
ဆောင်းရဲ့ ဝိဥာည်
ဆောင်းရဲ့ကိုယ်ပွား
ဆောင်းရဲ့ အိပ်မက်
ဆောင်းရဲ့အားအင်
ဆောင်းရဲ့ ဘဝ
ဆောင်းရဲ့ အဖော်
ဆောင်းလိုအပ်တာ
နှင်းလေးပါ။
ဆောင်းအလာ မျှော်ကာငေး
ရွှေစိတ်တော် ငြိုငြင်
အလွမ်းတွေနဲ့ နွမ်းနယ်တဲ့နှင်း
ဆောင်းမလာရင် အနေအိုက်
မပျော်ပိုက်နိုင်တဲ့ နှင်း
ဆောင်းလေးကို အားကိုးပြီး
နုပျိုနိုင်တဲ့ နှင်း
ဆောင်းမရှိရင် မဖြစ်
မောဟိုက်နေတဲ့ နှင်း
ဆောင်းကို အဖော်ပြုမှ
ပျော်မြူုးနိုင်တဲ့ နှင်း
နှင်းလေးကို ဖေးမရင်း
လက်တွဲဆွဲခေါ် နှင်းလိုရာ
လိုက်လျော နှင်းနဲ့အတူ
ကြည်ဖြူစွာ နေပေးဖို့ လာခဲ့တာ
ဆောင်း ချစ်သူဟာ နှင်းပဲမို့။
အားလုံးကို လေးစားလျက်...
တော်ဝင်ထွန်း
၂.၁၂.၂၀၀၉
ကျော်လွန်ပြီးတဲ့ နောက်မှာ..
ချည်နှောင်ထားတဲ့ စည်းတွေ၊
ရစ်ပတ်ထားတဲ့ ကြိုးတွေ၊
တားဆီးထားတဲ့ ပညတ်ချက်တွေ၊
သတ်မှတ်ထားတဲ့ နေရာတွေ၊
ဒါတွေကို ခဝါချရင်း....
မိုင်ထောင်ချီ လမ်းတလျောက်၊
တွေ့သမျ မီးတောင်အစ၊
ကန္တာရ သဲသောင်၊
စမ်းချောင်းအစ ရေမြေတောတောင်၊
ခုန်လိုခုန် လွှားလိုလွှား၊
ကူးလိုကူး ဖြတ်လိုဖြတ်၊
မောပန်းတာကို မသိ၊
နှင်းနဲ့ တွေ့ဖို့ အသိနဲ့၊
ဆောင်း လာခဲ့တယ်။
နှင်း အထင်.....
ရာသီအလိုက် ပေါ်ပင်ကြိုက်တဲ့
ဆောင်းခို ငှက်ငယ် ရွှေဟင်္သာတွေ
ဆောင်းအားကိုးနဲ့ အလှတိုးတဲ့
လှမျိုးစုံတဲ့ ပွင့်ချပ်တစ်ရာ
ပန်းများစွာ အတွက်
ဆောင်းလာခဲ့တာ ဟုတ်ဘူးလေ။
နှင်းသာလျင်...
ဆောင်းရဲ့ ဝိဥာည်
ဆောင်းရဲ့ကိုယ်ပွား
ဆောင်းရဲ့ အိပ်မက်
ဆောင်းရဲ့အားအင်
ဆောင်းရဲ့ ဘဝ
ဆောင်းရဲ့ အဖော်
ဆောင်းလိုအပ်တာ
နှင်းလေးပါ။
ဆောင်းအလာ မျှော်ကာငေး
ရွှေစိတ်တော် ငြိုငြင်
အလွမ်းတွေနဲ့ နွမ်းနယ်တဲ့နှင်း
ဆောင်းမလာရင် အနေအိုက်
မပျော်ပိုက်နိုင်တဲ့ နှင်း
ဆောင်းလေးကို အားကိုးပြီး
နုပျိုနိုင်တဲ့ နှင်း
ဆောင်းမရှိရင် မဖြစ်
မောဟိုက်နေတဲ့ နှင်း
ဆောင်းကို အဖော်ပြုမှ
ပျော်မြူုးနိုင်တဲ့ နှင်း
နှင်းလေးကို ဖေးမရင်း
လက်တွဲဆွဲခေါ် နှင်းလိုရာ
လိုက်လျော နှင်းနဲ့အတူ
ကြည်ဖြူစွာ နေပေးဖို့ လာခဲ့တာ
ဆောင်း ချစ်သူဟာ နှင်းပဲမို့။
အားလုံးကို လေးစားလျက်...
တော်ဝင်ထွန်း
၂.၁၂.၂၀၀၉
No comments:
Post a Comment