“ ဒီဇင်ဘာ မှတ်တမ်း”
ဒီနေ့ နေ့လည်ပိုင်းမှာ ဖြေဆိုရမဲ့ ဘာသာရပ်အတွက် မနေ့ ညက မနက် ၂.၃၀ အချိန်အထိ စာကြည့်နေခဲ့လို့ မနက် ၈.၃၀ အချိန်မှာ အိပ်ရာထတယ်။ တစ်ကိုယ်ရည်သန့်စင်ပြီး မနက်စာကို ကော်ဖီိနဲ့ စတော်ဘယ်ရီ ကိတ်မုန့် စားလိုက်တယ်။
ပြီးတာနဲ့ ၉.နာရီမှာ အတန်းထဲကို ပြေးဝင်လိုက်တယ်။ အတန်းထဲကို ရောက်တော့
“ ဒီနေ့ဟာ ဒီဇင်ဘာတစ်ရက်နေ့လေ” “ ဒိီဇင်ဘာ ချိုချိုလေး ဖြစ်ပါစေ” တဲ့။ ရန်ကုန်က ကျန်တော့ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေ တစ်ယောက်ဆီက ဖုန်း မတ်ဆေ့ခ်ျ ဝင်လာတယ်။
ကျန်တော် လုံးဝ စိတ်မဝင်တဲ့ ဘာသာရပ်တစ်ခုကို ဖြေရမယ့်နေ့။ မနက်ပိုင်းအတန်းပို တစ်ခု တက်ရမယ့်နေ့။ အတန်းပို့တွေ ၊ အစမ်း စာမေးပွဲတွေ၊ လေ့လာရေး ခရီးအတွက် ပြင်ဆင်စရာတွေနဲ့ ရှုပ်နေခဲ့တော့ ဒီနေ့ကို သတိမထားခဲ့မိတာ အမှန်ပါ။ ကျန်တော့်မိတ်ဆွေက တကူးတက ဖုန်းမတ်ဆေ့ခ်ျ ပို့ အသိပေးမှ သတိထားမိတာ။
စိတ်မှာတော့ “ ဒီဇင်ဘာရေ မင်းက လာကတည်းကိုက ငါ့ကို အလုပ်များစေတာပဲ” လို့ တိုးတိုး ရေရွတ်မိသေးတယ်။ အမှန်တော့ လတွေထဲမှာ ကျန်တော့ချစ်တဲ့ လ သို့မဟုတ် ကျန်တော် လုံးဝကို မုန်းတီးနေမိတဲ့ လက ဒီဇင်ဘာပါ။
ကျန်တော် ချစ်ရတဲ့ အကြောင်းအရင်းက....
ကျန်တော်က ဒီဇင်ဘာရဲ့ မပူမအေး မျှတစွာ ဝန်ဆောင်ပေးမူကို ကြိုက်တယ်။ ပန်းကလေးတွေကို ဖူးပွင့်စေတဲ့ ဒီဇင်ဘာရဲ့ စွမ်းဆောင်ပေးမူကို ချစ်တယ်။ ကျောင်းအားရက်တွေ ၊ လေ့လာရေးခရီးတွေကို လက်ဆောင်ပေးတဲ့ သူ့ရဲ့ ရက်ရောမူကို အလေးထားတယ်။
ကျန်တော် မုန်းတီးနေမိတဲ့ အကြောင်းအရင်းက....
ကျန်တော့ကို အလုပ်များစေတယ်။ ကျန်တော် သတိမရချင်တဲ့၊ ကျန်တော် မေ့နေချင်တဲ့ အတိတ်ဖြစ်ရပ်တွေကို သတိရစေလို့ပါ။ ဒီလို့ အကြောင်းတွေနဲ့ ဒီဇင်ဘာကို မှတ်တမ်း တင်လိုက်ပါတယ်။
မြောက်လေအေးရဲ့ အားကိုးနဲ့
ဝေးလံတဲ့ တောင်ဟိမဝန္တာက
အပြစ်ကင်းတဲ့ နှင်းမြူလေးတွေကို
သယ်ဆောင်လာရင်း သိပ်လည်းမပူ
ပိုလည်းမအေး မျှတစွာ ဝန်ဆောင်မူပေးဖို့
မဖိတ်ခေါ်ပဲ ရောက်လာတဲ့ မင်း။
လောကကို တတ်စွမ်းသမျ
အလှဆင်မယ်တဲ့…..
သဇင်၊ မြတ်လေး၊ သစ်ခွ၊ နှင်းဆီ၊
စံပယ် ၊ ခရေ အစ ပန်းအလှတွေကို
ဖူးပွင့်စေနိုင်တဲ့ မင်း။
မင်းရောက်လာတော့
ပတ်ဝန်းကျင်တစ်ခုလုံးက
စိမ်းစို့စို့ ရွှင်ရွှင်မြမြ၊ အပြုံးအလှတွေနဲ့
နွေးထွေးစွာကြိုဆို၊ တကယ်ဆို မင်းက
တို့ကျောင်းသားတွေအတွက် အထူး ချစ်စဖွယ်
မင်းသမီးလေးပါ။
ဒီဇင်ဘာရေ…
တကယ်ဆို ငါလေ …
မင်းကို သိပ်ချစ်တာပါကွယ့်....
ဒါပေမယ့်လေ....
ငါ့ကို အော့နှလုံးနာကျင်စေတဲ့
ငါ သိပ်မုန်းတီးရွံရှာနေမိတဲ့
ငါ့ စိတ်ကို အမြဲ ခြောက်လှန့်နေတဲ့
အသွေးသားတွေ၊ ဘဝတွေ
ပိုင်ဆိုင်မူတွေ၊ အိုးအိမ်တွေ။
အကုန်လုံး အကုန်လုံး အကုန်လုံး၊
ရှိရှိသမျ ပေးဆပ်ခဲ့ရတဲ့ အတိတ်ဖြစ်ရပ်တွေက၊
ငါ့သွေးကို ဆူပွ၊ ငါ့ရင်ကို ပူလောင်၊
ငါ့ကိုယ်ကို နှိပ်စက် နေမှာ့တော့
ဒီဇင်ဘာရေ…
ငါမင်းကို သိပ်ချစ်ပေမယ့်
မလွမ်းတော့ဘူး..
အားလုံးကို လေးစားလျက်...
တော်ဝင်ထွန်း
၁.၁၂.၂၀၀၉
No comments:
Post a Comment