တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Monday, March 22, 2010


“ ဘဝဆိုတာ”

လောကကို စတင်တဲ့နေ့ရယ်
လောကမှ အပြီးထွက်ခွာတဲ့နေ့ရယ်
ဒီ “နှစ်နေ့“ ရဲ့ ကြားကာလကို
ဘ၀လို့ ခေါ်စမှတ်ပြုကြတယ်။
ဒီကြားကာလဟာ ရှည်ရင်လည်း ရှည်မယ်
တိုရင်လည်းတိုမယ်..ကြမ်းရင်လည်းကြမ်းမယ်
လန်းရင်လည်း လန်းမယ်။
ဒိီကာလကို ဖြတ်သန်းနေစဉ်
မောတာလည်း ရှိမယ်
ပန်းတာတွေတွေ့မယ်..
ဘ၀ကို....
သမုဒ္ဒရာနှဲ့ တင်စားရင်..
တခါတခါ လှိုင်းတံပိုးတွေလည်း တွေ့မယ်.
ဒီရေလည်း ကြီးမယ်.
လှိုင်းတွေရဲ့ မညှာမတာ
ရိုက်ခတ်တာကိုလည်း ခံရမယ်..
အလွန်မာကျောတဲ့
ကျောက်ဆောင်တွေလည်း ရှိသေးတယ်
အားကြီးတဲ့ ၀ဲဂယက်တွေကလည်း
မညှာမတာ ဆွဲခေါ်နိုင်တယ်..
မထင်မှတ်တဲ့ မုန်တိုင်းတွေလည်း
ပြင်းထန်နိုင်တယ်...
ဒါတွေ..ဒါတွေ..ဒါတွေကို
ကျော်လွန်နိုင်ဖို့..မေတ္တာလွင်ပြင်ထဲမှာ
အမြဲစိမ်းလန်းတဲ့
သစ်ပင်တွေနဲ့တူတဲ့.
အပြုံးတွေကို စိုက်ပျိုးမယ်..
ရောင်စုံပန်းလေးတွေနဲ့ တူတဲ့
ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်မယ်ဆိုရင်....
မသထီစရာတွေနဲ့ ပြည့်လျှံနေတဲ့
ဘ၀သမုဒ္ဒရာဆီကနေ စိန်းလန်းနေတဲ့
သစ်ပင်ပန်းမန်တွေ..
ရောင်စုံ ဖူးပွင့်နေကြတဲ့ပန်းလေးတွေ.
အဲဒီပန်းလေးတွေကြား
ဟိုဟိုဒီဒီ ပျံဝဲနေတဲ့လိပ်ပြာကလေးတွေ.
တောင်ပံယှက်ကာ..ပျော်မြူးနေကြတဲ့
မောင်နှံငှက်ကလေးတွေ ပြီးတော့.
ကွေ့ဝှိုက်စီးဆင်းနေတဲ့
စမ်းချောင်းလေးရဲ့ ဂီတသံ.
ကျေးငှက်သာရကာ
တွေရဲ့..တွန်ကြူးသံ
ဒါတွေ..ဒါတွေ..ဒါတွေနဲ့ ပြည့်ယှက်နေတဲ့..
ဘ၀ရဲ့ ပျော်စရာ ကျွန်းလေးကို..
ပိုင်ဆိုင်နိုင်သေးတယ်လေ။
တော်ဝင်ထွန်း
၂၂...၃...၂၀၁၀

ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

Saturday, February 13, 2010














ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

Thursday, February 11, 2010




“ကြီးရင့်ခြင်း”

အသက်ရာကျော်၊ ခါးတွေနာ၍၊
ထိုင်ထမရ၊ ပက်လက်အိပ်ရာ၊
နေမှသာလျင်၊ ကြီးရင့်ခြင်းလော။


ဦးခေါင်းဖြူဖွေး၊ ပါးရေတွဲ၍၊
မျက်စိမှုံမှိုင်း၊ နားထိုင်းခြင်းသာ၊
ကြီးရင့်ခြင်းလော။

ဒူးခေါင်းရှည်ထွက်၊

သွားတွေပျက်၍၊ မောပန်းခါးနာ၊
လူ မမာ သာလျင်၊ ကြီးရင့်ခြင်းလော။


သစ္စာတရား၊ သီလအိနြေ္ဒ၊
ပညာစာဂ၊ မြတ်ဓမ္မနှင့်၊
ပြည့်စုံသူသာ၊ လူရင့်မာလော။
အဖြေမလို၊ ပုစ္ဆာမဟုတ်၊
အတွေးတစ်စ ၊ ဆန့်ထွက်ခြင်းသာ၊
ဖြစ်ပေရာ၏။


အားလုံးကို ချင်ခင် လေးစားလျက်........


တော်ဝင်ထွန်း

၁၂.၀၂.၂၀၁၀

မှတ်ချက်။ ။ ဓာတ်ပုံကို တက်ခဲ့ဖူးသော ငါးရက် ညီလာခံမှ တိုက်ရိုက် ကူးယူဖေါ်ပြသည်။

Tuesday, February 9, 2010

“ ငါမှာချင်တာ အဲဒါပဲ”



အင်း....ဆိုးလိုက်တဲ့အဖြစ်၊
ရာဇဝင်မှာ စာတင်မယ်ဆိုရင်တောင်
မင်းတို့လုပ်ရပ်က စဉ်းစားစရာ။
ရိုင်းခဲ့တဲ့ ရာဇဝင်
လက်ရှိတင် အရိုင်းဆင်တော့၊
အရိုင်းတွေထပ်၊ ထပ်ပြီးရိုင်းပြ
ရိုင်းနေကြပေါ့။

မင်းတို့သာလျင် ရာဇဝင်ကို
ဖန်ဆင်းရှင်၊ ဟုတ်ပြီလေ၊
မသေခင်တစ်နေ့ ၊သမိုင်း ကျောက်တိုင်တက်မှာ
စရင်းရှင်းကြမယ်။

အဲဒီအခါ ငါမသိ၊ ငါမပါ၊

ယောင်ရှာရှာ လုပ်မယ်မကြံနဲ့။
ယူသလောက် ပြန်ပေးရတဲ့
လောက နိယာမကိုလည်း မမေ့နဲ့အုံး။
လုပ်လည်း လုပ်ရဲ့တယ်နော်၊
သမိုင်းကို ကောင်းအောင်ပြင်မလိုလိုနဲ့၊
ဆင်လိုက်ကြတဲ့အကွက် မှန်သမျ၊
ကြည့်ဖို့တောင် မရ။

အခွင့်ရတုန်း ဝအောင်သာ စားကြပေတော့၊

ဗိုက်တစ်လုံးအတွက်၊
စားရင်တော့ ဝမယ် ခဏပဲလေ။
တစ်နေ့တော့ ပြန်ပေးရမှာ မမေ့နဲ့
စိတ်မှာ စွဲမြဲမှတ်။
ငါမှာချင်တာ အဲဒါပဲ။

တော်ဝင်ထွန်း

၉.၀၁.၂၀၁၀

Monday, February 8, 2010

“ ဒီလိုပါတဲ့လေ ”



ကျန်တော်က တစ်ဉ်ီးတည်းသော သားလေးပါ။ မေမေ့ရဲ့ အချစ်တော်ဆိုလည်း မမှားပေဘူးပေါ့။ ဖေဖေကတော့ ကျန်တော့် မိဘတွေကို သိတတ်စ အရွယ်ကစပြီး ဘယ်ကိုရောက်လို့ ဘယ်ပျောက်မှန်းကို မသိပါဘူး။ မေမေ့က ကျန်တော့်ဘဝရဲ့ တစ်ဦးသော ဟီးရိုးလေ။ ကျန်တော့် ဘဝ ရှင်သန်မှု အားလုံးက မေမေ့ အပေါ်မှာပဲ ရပ်တည်နေတာပါ ။ ဒါပေသိ ကျန်တော် တစ်ခု သံသယ ဖြစ်မိတာက ကျန်တော့်ရဲ့ ချစ်မေမေ၊ ကျန်တော့်ရဲ့ မဟာ သူရဲကောင်းဆိုတဲ့ မေမေဟာ ကျန်တော့် ကို ဘယ်လို့ ရခဲ့သလဲ ၊ ကျန်တော့်ကို တကယ်ရော ချစ်ပါရဲ့လား ဆိုတာကိုပါပဲ။

ဒီလို တွေးမိရတဲ့ အကြောင်းးဖန်လာပုံကလည်း ကျန်တော်ဟာ မေမေ့ ကို အများပြည်သူ

ရုံးပိတ်ရက် ဖြစ်တဲ့ စနေ ၊ တနင်္ဂနွေတွေမှာတောင် အတော်လေးကို တွေ့ရခဲ့တယ်လေ။
မေမေဟာ သူ့အလုပ်နဲ့ သူ အမြဲပဲ အလုပ်များနေသူပါ။ သူ့အလုပ်ကနေ ကျန်တော် နှိုက်နှိက်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဖြစ်တဲ့ ည နေ ၉.၀၀ နာရီနဲ့ ၁၀ နာရီကြားမှာ အိမ်ကို ပြန်လာတတ်ပြီး ၊ မနက်ဆိုရင်လည်း ကျန်တော် မနိုးခင်ပဲ သူ့အလုပ်ရှိရာကို ပြန်သွားတတ်ပါတယ်။ ဒီလို့ နဲ့ကျန်တော့်ဘဝက အမေ အသက်ထင်ရှား ရှိနေပေမဲ့ မေမေ့ နို့ချိုကို သောက်သုံးခွင့်မရသလို မေမေ့ရဲ ပြုစုယုယမှုကိုလည်း လုံးဝ မရပါဘူး။ မေမေ့ ရင်ငွေ့ကို ခိုလှုံရင်း မေမေ့ ရင်ခွင်ထဲမှာ မေမေ့ မေတ္တာတရား၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်မှာ ချစ်တတ်တဲ့ ချစ်ခြင်း တရားကို ခံစားခွင့်မရှိပါဘူး။ မေမေ့ရဲ့ အကြင်နာတွေနဲ့ မေမေ ဖြစ်စေချင်တဲ့အတိုင်း သူ့ သားဖြစ်တဲ့ ကျန်တော့်ကို သင်ပေးတာမျိုး၊ အဖော်လုပ်ပေးတာမျိုး မရှိပါဘူး။ အမေမတော် ၊ ဒွေးတော် မဟုတ်တဲ့ အိမ်ကူတစ်ယောက်ရဲ့ အပြုအစုကို ခံနေရတဲ့ သားဘဝကို မေမေ မစဉ်းစားမိဘုးထင်ပါတယ်။ ကျန်တော် တွေးရင်း တွေးရင်း မေမေ့အပေါ် သံသယတွေက ထပ်တိုးလာပါတော့တယ်။

ဒီလို့ နဲ့ တစ်နေ့တော့ ကျန်တော်ဟာ မေမေ့ အိမ် အပြန်ကို စောင့်နေပြိး ကျန်တော် သိပ်ချင်နေတဲ့ “ မေမေ ကျန်တော့်ကို ဘယ်လို ရခဲ့တာလဲ ဆိုတာကို မေးမိပါတော့တယ်။


မေမေ ပြောလိုက်ပုံက....

“ သားလေး။ ။ မေမေ သားသားကို ဘယ်လို ရလာ ခဲ့တာလဲဟင်။

မေမေ။ ။ အေး သားရေ။ သားလေး တစ်နေ့နေ့ ဒီလို မေးလာလိမ့်မယ် ဆိုတာ မေမေ ကြိုတွေးပြီးသားလေ။
ဒီလိုပါ သားရေ။ မေမေနဲ့ သားဖေဖေက chat room မှာ chatting တက်ရင်း သိခဲ့ကြတယ်လေ။

နောက်တော့ cyber cafe ဆိုင်တွေကနေ e-mail တွေ အပြန်အလှန် ပို့ပြီး ဆက်သွယ် ကြတာပေါ့။

ဒီလိုနဲ့ တစ်နေ့တော့ သားဖဖေက မေမေ့ကို download လုပ်ချင်တယ် ရမလားလို့ မေးလာရော။ မေမေလည်း ရပါတယ်ပေါ့။ မေမေလည်း လိုလိုချင်ချင်ပဲ ခွင့်ပြုခဲ့ပါတယ်။ downlaod လုပ်တာ ခက်တာမှ မဟုတ်ပဲ သားရေ့။
မေမေကလည်း သားဖေဖေ့ကို အကူအနေနဲ့ uploaded ပြန်လုပ်ပေးပါတယ်။ အဲဒီတုန်းက connection ကလည်း သိပ်ကောင်းနေခဲ့တယ်သားရဲ့။

မေမေတို့ နှစ်ယောက်လုံး firewall လည်း ချမထားမိဘူး သားရဲ့။ အင်တာနတ် သုံးတာက သိပ် မကျွမ်းကျင်သေးပဲကိုး။ ပြီးတော့ သတိ မထားမိလိုက်တာ တစ်ခု က delete button ကို မနှိပ်မိတာပဲ သားရေ့။

နောက် ကိုးလလောက်ကြာတော့ မေမေ သားလေးကို ရလာတာပဲပေါ့။ အဲဒီအချိန်က virus တွေလည်း သိပ် မပေါသေးဘူး သား။ ဆိုတော့ သားလေးက virus လည်း အကိုက်မခံခဲ့ရဘူးပေါ့ကွာ။

ကံ အကောင်းဆုံးလို့ ပြောရမှာ တစ်ခုက current ကလည်း လုံးဝကို မှန်နေခဲ့တာ သားရေ့။ ဒီလိုနဲ့ ဒါတွေအားလုံးက သားလေးကို ရဖို့ အကြောင်း ဖန်လာတာပေါ့သားရေ ” တဲ့လေ။ ကောင်းလိုက်လေဗျာ။

အထူးမှတ်ချက် ။ ။ အနောက်တိုင်းက မိတ်ဆွေ တစ်ယောက်၏ တောင်းဆိုချက်အရ သူ့ကိုယ်စား ရေးမိခြင်းဖြစ်ပါသည်။ အနောက်တိုင်းမှာ ဒီလို့ ဖြစ်ရပ်တွေများလို့ သားသမီးတွေကလည်း ကလေးထိမ်းကျောင်းကိုရောက်ရသလို မိဘတွေကလည်း အသက်ကြီးလာရင် လူအိုရုံကို အရောက်များပါကြောင်း ပြောခဲ့ပါသည်။ သူ့အလိုအရ “ မေမေ့ နေရာမှာ ဖေဖေ့ကိုလည်း ထည့်လို့ရတယ်” ဟုလည်း ပြောသွားပါသည်။ ကျန်တော်တို့ အရှေ့တိုင်းမှာတော့ ဘယ်လို နေလဲ မသိတော့ဘူး။


အားလုံးကို ချစ်ခင် လေးစားလျက်....

တော်ဝင်ထွန်း

၈.၀၁.၂၀၁၀

Saturday, January 30, 2010

“ လက်ရှိဘဝ ”

လူ့စွမ်းလူစ၊ လူ့မာနနှင့်၊
လူ့ဂုဏ်သိက္ခာ၊ တန်ဖိုးတရား၊
အလှမာန၊ ဘဝကြမ္မာ၊
လူသားဆန်တဲ့ ၊ အနုပညာ၊
ဖွင့်ကာလှစ်ဟ၊ ခင်းကျင်းပြဖို့၊
လုံခြုံနေရာ၊ တို့မှာ အိမ်ပိုင် မရှိပါ၍၊
ခေါင်းမိုးမလုံ၊ အယပ်လည်းပေါက်း၊
ဆွေးမြေ့ပျက်ဆီး၊ အိုးဟောင်းဘိသည့်၊
အဖေမဟုတ်၊ ပထွေးမတော်၊
ဧည့်ရိပ်သာမှာ၊
တည်းခိုနေသည်၊ လက်ရှိဘဝ၊
အနေထား။

တော်ဝင်ထွန်း

၃၁.၀၁.၂၀၁၀

Thursday, January 14, 2010

သဘောထား ကွဲလွဲမှုကို ဘယ်လို ဖြေရှင်းကြမလဲ…





































http://www.funzug.com/index.php/relationships/how-to-resolve-conflicts-with-friends.html မှ ဘာသာပြန်သည်။

မှတ်ချက် ။ ။ ကြိုက်လွန်းလို့ ၊ ဖတ်သင့်မှတ်သင့်တယ် ထင်လို့၊ မှတ်စုအနေနှင့် မိမိ မှတ်တမ်းလေးမှာ တင်ကျန်အောင် သဒ္ဓါလှိုင်း ဘလော့မှ တောင်းယူ ဖော်ပြပါသည်။ ဖော်ပြခွင့်ပေးသော မသဒ္ဓါလှိုင်း အား ထပ်ဆင့် ကျေးဇူးတင်ပါကြောင်း မှတ်တမ်း ထင်အပ်ပါသည်။

အားလုံး ခင်မင် လေးစားလျက်....

တော်ဝင်ထွန်း

14.01.2010

မိတ်ဆွေများ အားလုံး နှစ်သစ်မှာ ပျော်ရွှင် ငြိမ်းချမ်းကြပါစေ။

ဆက်ဖတ်ရန်ကျန်သေးတယ်နော်~~~

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP