တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Monday, February 8, 2010

“ ဒီလိုပါတဲ့လေ ”



ကျန်တော်က တစ်ဉ်ီးတည်းသော သားလေးပါ။ မေမေ့ရဲ့ အချစ်တော်ဆိုလည်း မမှားပေဘူးပေါ့။ ဖေဖေကတော့ ကျန်တော့် မိဘတွေကို သိတတ်စ အရွယ်ကစပြီး ဘယ်ကိုရောက်လို့ ဘယ်ပျောက်မှန်းကို မသိပါဘူး။ မေမေ့က ကျန်တော့်ဘဝရဲ့ တစ်ဦးသော ဟီးရိုးလေ။ ကျန်တော့် ဘဝ ရှင်သန်မှု အားလုံးက မေမေ့ အပေါ်မှာပဲ ရပ်တည်နေတာပါ ။ ဒါပေသိ ကျန်တော် တစ်ခု သံသယ ဖြစ်မိတာက ကျန်တော့်ရဲ့ ချစ်မေမေ၊ ကျန်တော့်ရဲ့ မဟာ သူရဲကောင်းဆိုတဲ့ မေမေဟာ ကျန်တော့် ကို ဘယ်လို့ ရခဲ့သလဲ ၊ ကျန်တော့်ကို တကယ်ရော ချစ်ပါရဲ့လား ဆိုတာကိုပါပဲ။

ဒီလို တွေးမိရတဲ့ အကြောင်းးဖန်လာပုံကလည်း ကျန်တော်ဟာ မေမေ့ ကို အများပြည်သူ

ရုံးပိတ်ရက် ဖြစ်တဲ့ စနေ ၊ တနင်္ဂနွေတွေမှာတောင် အတော်လေးကို တွေ့ရခဲ့တယ်လေ။
မေမေဟာ သူ့အလုပ်နဲ့ သူ အမြဲပဲ အလုပ်များနေသူပါ။ သူ့အလုပ်ကနေ ကျန်တော် နှိုက်နှိက်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဖြစ်တဲ့ ည နေ ၉.၀၀ နာရီနဲ့ ၁၀ နာရီကြားမှာ အိမ်ကို ပြန်လာတတ်ပြီး ၊ မနက်ဆိုရင်လည်း ကျန်တော် မနိုးခင်ပဲ သူ့အလုပ်ရှိရာကို ပြန်သွားတတ်ပါတယ်။ ဒီလို့ နဲ့ကျန်တော့်ဘဝက အမေ အသက်ထင်ရှား ရှိနေပေမဲ့ မေမေ့ နို့ချိုကို သောက်သုံးခွင့်မရသလို မေမေ့ရဲ ပြုစုယုယမှုကိုလည်း လုံးဝ မရပါဘူး။ မေမေ့ ရင်ငွေ့ကို ခိုလှုံရင်း မေမေ့ ရင်ခွင်ထဲမှာ မေမေ့ မေတ္တာတရား၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်မှာ ချစ်တတ်တဲ့ ချစ်ခြင်း တရားကို ခံစားခွင့်မရှိပါဘူး။ မေမေ့ရဲ့ အကြင်နာတွေနဲ့ မေမေ ဖြစ်စေချင်တဲ့အတိုင်း သူ့ သားဖြစ်တဲ့ ကျန်တော့်ကို သင်ပေးတာမျိုး၊ အဖော်လုပ်ပေးတာမျိုး မရှိပါဘူး။ အမေမတော် ၊ ဒွေးတော် မဟုတ်တဲ့ အိမ်ကူတစ်ယောက်ရဲ့ အပြုအစုကို ခံနေရတဲ့ သားဘဝကို မေမေ မစဉ်းစားမိဘုးထင်ပါတယ်။ ကျန်တော် တွေးရင်း တွေးရင်း မေမေ့အပေါ် သံသယတွေက ထပ်တိုးလာပါတော့တယ်။

ဒီလို့ နဲ့ တစ်နေ့တော့ ကျန်တော်ဟာ မေမေ့ အိမ် အပြန်ကို စောင့်နေပြိး ကျန်တော် သိပ်ချင်နေတဲ့ “ မေမေ ကျန်တော့်ကို ဘယ်လို ရခဲ့တာလဲ ဆိုတာကို မေးမိပါတော့တယ်။


မေမေ ပြောလိုက်ပုံက....

“ သားလေး။ ။ မေမေ သားသားကို ဘယ်လို ရလာ ခဲ့တာလဲဟင်။

မေမေ။ ။ အေး သားရေ။ သားလေး တစ်နေ့နေ့ ဒီလို မေးလာလိမ့်မယ် ဆိုတာ မေမေ ကြိုတွေးပြီးသားလေ။
ဒီလိုပါ သားရေ။ မေမေနဲ့ သားဖေဖေက chat room မှာ chatting တက်ရင်း သိခဲ့ကြတယ်လေ။

နောက်တော့ cyber cafe ဆိုင်တွေကနေ e-mail တွေ အပြန်အလှန် ပို့ပြီး ဆက်သွယ် ကြတာပေါ့။

ဒီလိုနဲ့ တစ်နေ့တော့ သားဖဖေက မေမေ့ကို download လုပ်ချင်တယ် ရမလားလို့ မေးလာရော။ မေမေလည်း ရပါတယ်ပေါ့။ မေမေလည်း လိုလိုချင်ချင်ပဲ ခွင့်ပြုခဲ့ပါတယ်။ downlaod လုပ်တာ ခက်တာမှ မဟုတ်ပဲ သားရေ့။
မေမေကလည်း သားဖေဖေ့ကို အကူအနေနဲ့ uploaded ပြန်လုပ်ပေးပါတယ်။ အဲဒီတုန်းက connection ကလည်း သိပ်ကောင်းနေခဲ့တယ်သားရဲ့။

မေမေတို့ နှစ်ယောက်လုံး firewall လည်း ချမထားမိဘူး သားရဲ့။ အင်တာနတ် သုံးတာက သိပ် မကျွမ်းကျင်သေးပဲကိုး။ ပြီးတော့ သတိ မထားမိလိုက်တာ တစ်ခု က delete button ကို မနှိပ်မိတာပဲ သားရေ့။

နောက် ကိုးလလောက်ကြာတော့ မေမေ သားလေးကို ရလာတာပဲပေါ့။ အဲဒီအချိန်က virus တွေလည်း သိပ် မပေါသေးဘူး သား။ ဆိုတော့ သားလေးက virus လည်း အကိုက်မခံခဲ့ရဘူးပေါ့ကွာ။

ကံ အကောင်းဆုံးလို့ ပြောရမှာ တစ်ခုက current ကလည်း လုံးဝကို မှန်နေခဲ့တာ သားရေ့။ ဒီလိုနဲ့ ဒါတွေအားလုံးက သားလေးကို ရဖို့ အကြောင်း ဖန်လာတာပေါ့သားရေ ” တဲ့လေ။ ကောင်းလိုက်လေဗျာ။

အထူးမှတ်ချက် ။ ။ အနောက်တိုင်းက မိတ်ဆွေ တစ်ယောက်၏ တောင်းဆိုချက်အရ သူ့ကိုယ်စား ရေးမိခြင်းဖြစ်ပါသည်။ အနောက်တိုင်းမှာ ဒီလို့ ဖြစ်ရပ်တွေများလို့ သားသမီးတွေကလည်း ကလေးထိမ်းကျောင်းကိုရောက်ရသလို မိဘတွေကလည်း အသက်ကြီးလာရင် လူအိုရုံကို အရောက်များပါကြောင်း ပြောခဲ့ပါသည်။ သူ့အလိုအရ “ မေမေ့ နေရာမှာ ဖေဖေ့ကိုလည်း ထည့်လို့ရတယ်” ဟုလည်း ပြောသွားပါသည်။ ကျန်တော်တို့ အရှေ့တိုင်းမှာတော့ ဘယ်လို နေလဲ မသိတော့ဘူး။


အားလုံးကို ချစ်ခင် လေးစားလျက်....

တော်ဝင်ထွန်း

၈.၀၁.၂၀၁၀

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP