“ ဘဝဆိုတာ”
လောကကို စတင်တဲ့နေ့ရယ်
လောကမှ အပြီးထွက်ခွာတဲ့နေ့ရယ်
ဒီ “နှစ်နေ့“ ရဲ့ ကြားကာလကို
ဘ၀လို့ ခေါ်စမှတ်ပြုကြတယ်။
ဒီကြားကာလဟာ ရှည်ရင်လည်း ရှည်မယ်
တိုရင်လည်းတိုမယ်..ကြမ်းရင်လည်းကြမ်းမယ်
လန်းရင်လည်း လန်းမယ်။
ဒိီကာလကို ဖြတ်သန်းနေစဉ်
မောတာလည်း ရှိမယ်
ပန်းတာတွေတွေ့မယ်..
ဘ၀ကို....
သမုဒ္ဒရာနှဲ့ တင်စားရင်..
တခါတခါ လှိုင်းတံပိုးတွေလည်း တွေ့မယ်.
ဒီရေလည်း ကြီးမယ်.
လှိုင်းတွေရဲ့ မညှာမတာ
ရိုက်ခတ်တာကိုလည်း ခံရမယ်..
အလွန်မာကျောတဲ့
ကျောက်ဆောင်တွေလည်း ရှိသေးတယ်
အားကြီးတဲ့ ၀ဲဂယက်တွေကလည်း
မညှာမတာ ဆွဲခေါ်နိုင်တယ်..
မထင်မှတ်တဲ့ မုန်တိုင်းတွေလည်း
ပြင်းထန်နိုင်တယ်...
ဒါတွေ..ဒါတွေ..ဒါတွေကို
ကျော်လွန်နိုင်ဖို့..မေတ္တာလွင်ပြင်ထဲမှာ
အမြဲစိမ်းလန်းတဲ့
သစ်ပင်တွေနဲ့တူတဲ့.
အပြုံးတွေကို စိုက်ပျိုးမယ်..
ရောင်စုံပန်းလေးတွေနဲ့ တူတဲ့
ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်မယ်ဆိုရင်....
မသထီစရာတွေနဲ့ ပြည့်လျှံနေတဲ့
ဘ၀သမုဒ္ဒရာဆီကနေ စိန်းလန်းနေတဲ့
သစ်ပင်ပန်းမန်တွေ..
ရောင်စုံ ဖူးပွင့်နေကြတဲ့ပန်းလေးတွေ.
အဲဒီပန်းလေးတွေကြား
ဟိုဟိုဒီဒီ ပျံဝဲနေတဲ့လိပ်ပြာကလေးတွေ.
တောင်ပံယှက်ကာ..ပျော်မြူးနေကြတဲ့
မောင်နှံငှက်ကလေးတွေ ပြီးတော့.
ကွေ့ဝှိုက်စီးဆင်းနေတဲ့
စမ်းချောင်းလေးရဲ့ ဂီတသံ.
ကျေးငှက်သာရကာ
တွေရဲ့..တွန်ကြူးသံ
ဒါတွေ..ဒါတွေ..ဒါတွေနဲ့ ပြည့်ယှက်နေတဲ့..
ဘ၀ရဲ့ ပျော်စရာ ကျွန်းလေးကို..
ပိုင်ဆိုင်နိုင်သေးတယ်လေ။
တော်ဝင်ထွန်း
၂၂...၃...၂၀၁၀
Nice for your sharing brother
ReplyDeleteHttp://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid