“ကြီးရင့်ခြင်း”
အသက်ရာကျော်၊ ခါးတွေနာ၍၊
ထိုင်ထမရ၊ ပက်လက်အိပ်ရာ၊
နေမှသာလျင်၊ ကြီးရင့်ခြင်းလော။
ဦးခေါင်းဖြူဖွေး၊ ပါးရေတွဲ၍၊
မျက်စိမှုံမှိုင်း၊ နားထိုင်းခြင်းသာ၊
ကြီးရင့်ခြင်းလော။
ဒူးခေါင်းရှည်ထွက်၊
သွားတွေပျက်၍၊ မောပန်းခါးနာ၊
လူ မမာ သာလျင်၊ ကြီးရင့်ခြင်းလော။
သစ္စာတရား၊ သီလအိနြေ္ဒ၊
ပညာစာဂ၊ မြတ်ဓမ္မနှင့်၊
ပြည့်စုံသူသာ၊ လူရင့်မာလော။
အဖြေမလို၊ ပုစ္ဆာမဟုတ်၊
အတွေးတစ်စ ၊ ဆန့်ထွက်ခြင်းသာ၊
ဖြစ်ပေရာ၏။
အားလုံးကို ချင်ခင် လေးစားလျက်........
တော်ဝင်ထွန်း
၁၂.၀၂.၂၀၁၀
မှတ်ချက်။ ။ ဓာတ်ပုံကို တက်ခဲ့ဖူးသော ငါးရက် ညီလာခံမှ တိုက်ရိုက် ကူးယူဖေါ်ပြသည်။
အသက်ရာကျော်၊ ခါးတွေနာ၍၊
ထိုင်ထမရ၊ ပက်လက်အိပ်ရာ၊
နေမှသာလျင်၊ ကြီးရင့်ခြင်းလော။
ဦးခေါင်းဖြူဖွေး၊ ပါးရေတွဲ၍၊
မျက်စိမှုံမှိုင်း၊ နားထိုင်းခြင်းသာ၊
ကြီးရင့်ခြင်းလော။
ဒူးခေါင်းရှည်ထွက်၊
သွားတွေပျက်၍၊ မောပန်းခါးနာ၊
လူ မမာ သာလျင်၊ ကြီးရင့်ခြင်းလော။
သစ္စာတရား၊ သီလအိနြေ္ဒ၊
ပညာစာဂ၊ မြတ်ဓမ္မနှင့်၊
ပြည့်စုံသူသာ၊ လူရင့်မာလော။
အဖြေမလို၊ ပုစ္ဆာမဟုတ်၊
အတွေးတစ်စ ၊ ဆန့်ထွက်ခြင်းသာ၊
ဖြစ်ပေရာ၏။
အားလုံးကို ချင်ခင် လေးစားလျက်........
တော်ဝင်ထွန်း
၁၂.၀၂.၂၀၁၀
မှတ်ချက်။ ။ ဓာတ်ပုံကို တက်ခဲ့ဖူးသော ငါးရက် ညီလာခံမှ တိုက်ရိုက် ကူးယူဖေါ်ပြသည်။
အတွေးတစ်စကို အဟုတ်ဖြန့်ပြီး အစ်မလည်းတွေးကြည့်သွားတယ်။ ဟုတ်ပါ့ ဘယ်ဟာမှ လူမမာမဟုတ်ဘူးဆိုသလိုပဲ။ မောင်လေး ကျန်းမာပျော်ရွှင်ပါစေ
ReplyDelete