တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Friday, December 25, 2009

“အလွမ်းည”

အချစ်ကိုက
နိုင်ထက် စီးနင်း
လုပ်လွန်းတယ်
မချစ်ဖို့ အကြိမ်ကြိမ်
တားနေတာတောင်
ဆင်ရိုင်းတစ်ကောင်လို
ထင်ရာ စိုင်းနေဆဲ။

အလွမ်းတွေကလည်း
စန်းထလိုက်နေတာ
ရပ်တန့်စရာ ဆိုလို့
တစ်စက္ကန့်လေးတောင် မရဘူး။
ဘယ်နေရာကြည့်ကြည့်
မြေလှန်ဖို့ စောင့်နေတဲ့
အလွမ်းတွေပဲ တွေ့ရတယ်။

အခန်းထဲ စာထိုင်ဖတ်နေလို့
အလွမ်းတွေ မြောက်ကြွနေသလား။
အတွေးတွေကို ဆွဲထူရင်း
တက္ကသိုလ်ရဲ့ မြက်ခင်းကျယ်ထဲ
သွားထိုင်လိုက်ရုံ ရှိသေး….

လေပြည်လေး တစ်ချက်တိုးအဝှေ့
ကြွေလိုက်တဲ့ အလွမ်းတွေ....
ကောက်ပုံ ရောင်းမယ်ဆိုရင်
သန်းကြွယ် သူဌေး ဖြစ်နိုင်တယ်။

ကောင်းကင်ကို တစ်ချက်
မောကြည့်မိလိုက်တော့...
ကြယ်တွေ မြင်လည်း လွမ်း
လကို မြင်လည်း လွမ်း
အရာရာဟာ လွမ်းစရာပါလား။

ချစ်သူရေ…..
လူတွေအတွက် ပျော်စရာ
ခရစ္စမတ်ညဟာ…..
မင့်နဲ့ ဝေးနေတဲ့ ကို့မှာတော့
မဆုံးနိုင်တဲ့ အလွမ်းညပေါ့။

အားလုံးကို ချစ်ခင် လေးစားလျက်

တော်ဝင်ထွန်း

၂၅.၁၂.၂၀၀၉

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP