တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Monday, November 16, 2009

“ချစ်မေမေ” (၁)

ချိန်ရာသီ နွေ ဥ တု
မေလရဲ့ တစ်ရက်မှာ
သားကို မွှေးဖွားခဲ့တဲ့ မေမေ။




ငယ်စဉ်ခါ ကလေးဘဝ
ဆိုးတစ်ခါ ကောင်းတစ်လှည့်
ခွင့်လွတ်မြဲ မေမေ။


ဘဝရဲ့ နေ့သစ်တွေကို ရင်ဆိုင်နိုင်ဖို့
စုန်ရေလို့ အစဉ်မပြတ်တဲ့ အချစ်တွေနဲ့
အားအင်တွေ ဖြည့်ပေးတဲ့ မေမေ။

ပန်းကလေးပမာ ညှိုးနွမ်းမှာ စိုးသောကြောင့်.....
မနှိုင်းသာတဲ့ မေတ္တာရေစင်နဲ့
အမြဲဖက်ဖြန်းပေးတဲ့ မေမေ။

ကျယ်ပြောတဲ့ ဘဝမိုးကောင်းကင်ထဲ
သားလိုရာ ပျံသန်းနိုင်ဖို့
တောင်ပံတွေကို ပြုပြင်ပေးတဲ့ မေမေ။

လမ်းပေါင်းစုံ ပေါင်းစပ်ထားတဲ့
ဘဝခရီးထဲဝယ် လမ်းမှန်ကိုရောက်စေဖို့
အမြဲ လမ်းညွန်ပေးတဲ့ မေမေ။

ဘဝရဲ့ လှိုင်းဒါဏ်တွေက ရိုက်ခတ်လာတဲ့အခါ
ရှောင်ဖယ်မသွားပဲ အပြုံးနဲ့သာ ရင်ဆိုင်တွေ့ဖို့
အမြဲ တိုက်တွန်းပေးတဲ့ မေမေ။

ကံခေလို့ ဘဝရဲ့ ခါးသီးမူဒါဏ်တွေနဲ့၊
မလွဲမသွေ ကြုံတွေ့ရတဲ့အခါ၊
ခါးသီးမူကို အံတုပြီး။
သားကြိုက်တဲ့ ကော်ဖီနဲ့
ရောသောက်ဖို့ သင်ပေးတဲ့ မေမေ။

ကံသယ်ပေးလို့ ဘဝရဲ့ အကောင်းဆုံးအရသာ
မြိန်မြိန်ကြီး ခံစားနေရတဲ့အခါ
မမြဲတဲ့ သဘောကို ဆင်ခြင်
လူတံခွန် လူကုက္ကား ၊
မာနတွေ မထောင်လွှားဖို့
အမြဲ နားချပေးတဲ့ မေမေ။

အရောင်စုံတဲ့ လူလောက ဇာတ်ခုံမှာ
တွေ့တွေ့သမျ လူတကာကို
မင်းသား မင်းသမီးပဲ မထင်မှတ်ဖို့
တိတ်တိတ်လေး ဆုံးမတဲ့ မေမေ။

ချစ်မေမေရေ....

မေမေနဲ့ ဝေးနေရပေမဲ့
မေမေ့ စိတ်ဓာတ်
မေမေ့ သတ္တိ
မေမေ့ အင်အား
မေမေ့ မေတ္တာ
မေမေ့ တွန်းအား
မေမေ့ သန်ခန်းစာ
မေမေ့ အဆုံးမ
ဒါတွေကို အဖော်ပြုလို့
သားခရီးကို မေမေ့ မွှေ့းမွေှ့းတွေနဲ့
အားမာန်တင်းကာ လျောက်လှမ်းရင်း
အလိမ်မာနဲ့ ဆက်ကြိုးစားပါမယ်လို့
သိပ်ချစ်ရတဲ့ မေမေ သိနိုင်ဖို့
လွမ်းဆွတ်ကာ မျှော်လင့်ရင်း……….

(ချစ်သော မေမေ ကိုယ်စိတ်နှလုံး ချစ်မြေ့ပါစေ)

ချစ်လှစွာသော…....

သား...

တော်ဝင်ထွန်း

P.S ကျန်တော် မေမေ့ ခြေရင်းက ခြေစုံကန် ထွက်လာတာ အခုဆို ၁၂ နှစ်တောင်ရှိပါပြီ။ သို့သော် မေမေ့ကို သတိတရ လွမ်းရတာတွေ၊ မေမေ့ ရင်ခွင်က နောက်ဆုံး ထွက်လာနေ့ မေမေ့ရဲ့ မွှေးမွှေ့းနဲ့အတူ မေမေအမှာစကားတွေကို သတိရမူတွေက တိုးတိုးမြဲမို့ မေမေ့ကို လွမ်းရင်း ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ။

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP