တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Wednesday, November 18, 2009

“ အနွေးထည်”

အချစ်ကို အချစ်လို့ မသိခင်
ရှောင်တစ်ခင် သူ့ကို ချစ်မိတော့
သူနဲ့ ဝေးဝေးနေရတဲ့ အခါ…….


အချိန်နာရီတွေ လည်ပတ်သရွေ့….. …

သူ့ အလုပ်မှာ အဆင်ပြေပါ့မလား?
ဆိုင်ကယ်စီးရင်ကော ဂရုစိုက်
စီးပါ့မလား?

ကားစီးရင်ရော သတိထား
စီးပါ့မလား?

အတူနေတဲ့ ပတ်ဝန်းကျင်ကိုရော
ဂရုထားရဲ့လား?

မထင်မှတ်တဲ့ ဘဝလှိုင်းဒါဏ်တွေနဲ့
ကြုံတွေ့ရတဲ့အခါ သူ့ စိတ်ဓာတ်များ
ကျနေလေမလား?

အဆင်မပြေမူတွေ့နဲ့ ရှောင်တစ်ခင်
တွေ့ကြုံရတိုင်း မိမိကိုယ်ကို
မကျေနပ်ရင်း စိတ်များ
လေနေ လေမလား?

အွန်လိုင်းပေါ်ထိုင်ရင်း
တစ်ခြား လူတွေရဲ့
စကားတွေကြောင့် သူ ကို့ ကိုများ
မေ့နေလေမလား?

အိမ်ကိုရော အချိန်မှန်
ပြန်ရဲ့လား?

ချောချောရှူ ရှူ မှ
ရောက်ရဲ့လား?

အလုပ်တာဝန်တွေ ပိလို့ စိတ်ဖိစီးမူတွေ
ရှိနေလေမလား?

မအားလပ်တဲ့ အလုပ်တွေနဲ့
ဖီိးစီးမူဒါဏ်တွေကြောင့်
သူ အရမ်းများ မောနေလေမလား?

အစား အသောက်ရော မြိန်ရဲ့လား?
အိပ်လို့ရော ပျော်မှပျော်ရဲ့လား?

နောက်ဆုံးမှာ………..

သူ ကို့ ကိုကော သတိရနေသေးရဲ့လား?
အရင်လိုကော ကို့ ကို ချစ်သေးရဲ့လား?
ကိုယ့်အတွက် အိပ်မက်တွေမှ
မက်သေးရဲ့လား?

အို……….

သူ့အတွက်မို့ “လား” ပေါင်းများစွာ
ကျန်တော့စိတ်မှာ ပူနေလိုက်တာ
ဒီဆောင်းအတွက်
အနွေးထည် တောင် မလိုပါ။….

အားလုံးကို ချစ်ခင် လေးစားလျက်



တော်ဝင်ထွန်း
၁၈.၁၁.၂၀၀၉

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP