“နည်းလမ်းလေး တစ်ခု”
ကျန်တော်တို့ လူ့လောထဲမှာ လူဖြစ်လာပြီးတဲ့အခါ အနည်းဆုံးတော့ မွေးဖွားရာ ဒေသ၊ နိုင်ငံ နှင့် မိမိခံယူထားသည့် လူမျိုးဆိုတာတော့ လူတိုင်းမှာ ရှိကြတယ်။ ကျန်တော်ကို မြန်မာနိုင်ငံ အနောက်ပိုင်း ပြည်နယ်တစ်ခု၏ ရွာလေးတစ်ရွာမှာ မွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နေခဲ့တုန်းကတော့ မိမိတို့ လူမျိုး ကိုးကွယ်တဲ့ ဘာသာ၊ လိုက်နာ ကျင့်သုံးတဲ့ ဓလေ့ထုံးစံတွေကို လိုက်နာ ကျင့်သုံးခဲ့တယ်။ အဲဒီမှာ မမေ့အပ်တဲ့ နေတွေလည်းပါတယ်။ ဥပမာ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေ့များ၊ လူမျိုးရေးနဲ့ ပတ်သက်တဲ့ နေ့များ ပေါ့။
ဘာသာရေးနဲ့ ပတ်သက်လာရင် ကျန်တော်က ဗုဒ္ဓဘာသာမို့လို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အထွဋ် အမြတ်နေ့များ၊ လူမျိုးရေးနဲ့ ပတ်သက်လာရင် လွတ်လပ်ရေး နေ့၊ အာဇာနေ နေ့၊ ဆရာများနေ့၊ မိဘများနေ့ စသည်ပေါ့။
မြန်မာနိုင်ငံအတွင်းမှာ နေတုန်းက ဒီလို့ မမေ့အပ်တဲ့ နေ့ကို ရောက်ရင် သူငယ်ချင်းးတွေနဲ့ တစ်ခုခု လုပ်ဖြစ်ခဲ့တယ်။ ပျော်စရာ နေ့များ ဆိုရင်လည်း ပျော်စရာ အထိမ်းအမှတ်နဲ့ တစ်ခုခုလုပ်။ ဂုဏ်ပြုစရာ နေ့များဆိုရင်လည်း ဂုဏ်ပြုတဲ့ အထိမ်းအမှတ်တွေလုပ်။ ဝမ်းနည်းစရာ နေ့ဆိုရင်လည်း ဝမ်းနည်းတဲ့ အထိမ်းပွဲတွေ လုပ်ဖြစ်ခဲ့တယ်။
၂၀၀၇ နှစ် မတ်လ ကစပြီး နိုင်ငံခြားကိုရောက်တော့ မတူတဲ့ ပတ်ဝန်းကျင်မှာ နေရတာက တစ်ကြောင်း၊ ဒီနိုင်ငံရဲ့ အချိန်ဇယားနဲ့ပဲ သွားနေရတာက တစ်ကြောင်း၊ အဖော်မဲ့ တစ်ဉ်ီးတည်း နေရတာတစ်ကြောင်း၊ ဒီလို့ အကြောင်းကြောင်းတွေကြောင့် အမှန်ကို ဝန်ခံရရင် ကိုယ်နိုင်ငံနဲ့ ပတ်သတ်တဲ့ နေ့တွေကို မှတ်မိသလောက်နည်းပါတယ်။
မှတ်မိရင်တောင် အထိမ်းအမှတ်ပွဲတွေ လုပ်ဖြစ်ခဲ့တယ်။ အားလုံးကိုတော့ မဟုတ်ဘူးပေါ့။ တစ်ချို နေ့တွေဆို ကိုယ့်နေရာမှာ ကိုယ်တိုင် မလုပ်ဖြစ်ပေမေ့ လုပ်ဖြစ်တဲ့ နေရာကို သွားပြီး ပါဝင် အားပေးဖြစ်ပါတယ်။ ဒီလိုနဲ့ မတူတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်လာတာ များလာတော့ ကိုယ်နိုင်ငံနဲ့ ပတ်သက်တဲ့ နေ့တွေအပြင် လက်ရှိ နေထိုင် နေတဲ့ နိုင်ငံနဲ့ လူမျိုးတို့ရဲ့ နေ့တွေမှာလည်း ပါဝင် ဆင်နွဲဖြစ်လာတယ်။
ဆိုတော..အယင်က တစ်ယောက်တည်း အထီးကျန် ဖြစ်နေတဲ့ ကျန်တော် အခုတော့ အပေါင်းအပါတွေနဲ့ အတူ ပါဝင် ဆင်နွဲရမယ့် နေတွေလည်း များလာတာပေါ့။ ပါဝင် ဆင်နွဲလာတဲ့ နေ့တွေထဲမှာ အမှတ်ရစေတဲ့ အတွေ့အကြုံလေးကို ရေးချင်ပါတယ်။
၁၂ နေ့ နိုဝင်ဘာလက စာသင်ခန်းထဲက ထွက်လာတော့ စတုတ္ထနှစ်က မိတ်ဆွေတစ်ယောက် လာမေးတယ်။ သူငယ်ချင်း “ မနက်ဖြန် ဘာနေ့လဲဆို တာ သိလား” တဲ့။ ကျန်တော် လည်း မသိဘူး ။ ဘာနေ့လဲ မေးတော့ သူက “ World mindfulness day ” လေတဲ့။
ဒီနေ့ကို ကျန်တော် အဲဒီနေ့ကမှ သူပြောလာလို့ သိခဲ့တာပါ။ ဒီနေ့ ဖြစ်ပေါ်လာရတဲ့ နောက်ခံသမိုင်းကိုတော့ အင်တာနတ်သုံးတဲ့ မိတ်ဆွေတွေအတွက် ရှာရတာ လွယ်ကူလို့ ထည့်မရေးတော့ပါ။
ဒါနဲ့ ကျန်တော်လည်း “ ဘာတွေအစီိစဉ်ရှိလဲ” လို့ မေးလိုက်တော့ သူက “ ဆရာတွေ ဦးဆောင်ပြီးတော့ အခမ်းအနားတစ်ခု လုပ်မယ်။ တက်ရောက်လာတဲ့ လူတွေက သူတို့ရဲ့ အမြင်တွေ၊ ဗဟုသုတတွေကို မျှဝေကြမယ်၊ ပြီးရင် လမ်းလျောက်ပြီး မေတ္တာပို့ တရားထိုင်မယ်တဲ့။ ” အခမ်းအနားကို “ ယောဂ စတီရီယို” ခန်းမမှာ ကျင်းပမယ်တဲ့။ ”
“ဆရာ ဆရာမတွေ တစ်ချို့လည်း လာတက်ကြမယ်။ ဆရာ ဆရာမတွေကို ကျန်တော်တို့လည်း လာမယ်လို့ ပြောပြီးပြီ။ သူငယ်ချင်းကိုလည်း ခေါ်လာဖို့ ပြောာထားတယ်တဲ့။ ”
ဆိုတော့ ကျန်တော်လည်း အဲလိုဆို အတွေ့အကြုံရအောင် သွားမယ်လို့ ပြောလိုက်တယ်။ ညနေ ၇ နာရီလောက်မှာ အပြည်ပြည်ဆိုင်ရာ အစီစဉ် ရုံးရှေ့မှာ လေးနိုင်ငံက သူငယ်ချင်း ၈ ယောက် စောင့်နေကြတယ်။ ၇ နာရီ ၂၀ လောက်မှာ ( ဂျာမဏီနိုင်ငံသား) တစ်ယောက်လာခေါ်ပါတယ်။
အခမ်းအနား ကျင်းပတဲ့ နေရာကို ၇ နာရီ ၅၀ လောက်မှာ ရောက်ခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံပေါင်း နှစ်ဆယ်ကျော်က လူပေါင်း လေးဆယ်ကျော် တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာသူတွေတဲမှာ ကျန်တော်တို့ လေးနိုင်ငံက သူငယ်ချင်း ရှစ်ယောက်မှလွဲလို့ ကျန်တဲ့ ပရိတ်သတ်တွေက ဆရာ ဆရာမများ ဖြစ်တဲ့ ( Mr. Steven Armerican) ( Ms, Samatha, London) ( Ms Korina, New Zeland) အပါအဝင် အဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ လူကြီးတွေ များပါတယ်။ တသီးပုဂ္ဂလ အနေနဲ့က အိန္ဒိယက ဆရာဝန်မကြီးတစ်ယောက်ကို မှတ်မိပါတယ်။
အခမ်းအနားကို တစ်ဦးချင်း မိတ်ဆက်ပြီး စလိုက်လို့ ဒီလူတွေနဲ့ နိုင်ငံတွေကို မှတ်မိတာပါ။
အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ “ နှလုံးသားနဲ့ အသံများကို နားထောင်ခြင်း” အစီစဉ်မှာ မိမိတို့ဘဝမှာ အမှတ်ရစေတဲ့ အတွေ့အကြုံတွေနဲ့ အမြင်တွေကို ပြောဖြစ်ကြပါတယ်။ တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြတာ လူတွေရဲ့ ဘဝဖြတ်သန်းမူတွေက အံသြ စရာ ကောင်းပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတာပဲ။
တစ်ချို့မှာဆို မိသားစု ငါးယောက်ရှိရင် ကိုးကွယ်တဲ့ ဘာသာက ငါးခု ခြောက်ခု ဖြစ်နေကြတယ်။ ဒါပေသိ ပညာလည်းတတ် သဘောထားလည်း ပြည့်ဝတော့ ဘာပြဿနာမှာမရှိကြဘူးတဲ့။ အဲဒီမှာ ထိုင်းနိုင်ငံက တစ်ယောက်ပြောသွားတာ အတော်လေးကို ရယ်ရတယ်။ သူပြောတာက….
“သူ့ အမေက ထိုင်း၊ အဖေက အနောက်တိုင်းသား၊ ပေါင်းလိုက်တော့ ဘာသာနှစ်ခု၊ သူ့အစ်ကိုက တစ်ဘာသာ ၊ သူက တစ်ဘာသာ၊ ပေါင်းလိုက်တော့ အားလုံး လေးဘာသာပေါ့။ အဲဒီမှာ အကုန်လုံးနဲ့ အဆင်ပြေအောင် နေရတဲ့ သူကတော့ ဘာသာရေး ပွဲတွေနဲ့ အတော် အလုပ်များတယ်ဆိုပဲ။ လိုက်နာနိုင်တော့ ပျော်စရာပေါ့။
အတိုချုပ်အားဖြင့် “ခန်းမထဲမှာ အတူတူ တန်းစီ လမ်းလျောက် မေတ္တာပို့ခြင်းအစီအစဉ်” ရောက်လာတယ်။ အဲဒီအစီစဉ်ကို ဂျာမဏီနိုင်ငံက အမျိုးသမီးတစ်ယောက်က ဦဆောင် ခဲ့ပါတယ်။ သူလည်း ဗီယာနာမ် နိုင်ငံ လူမူအကျိုးပြု အဖွဲ့စည်းတစ်ခုက လူကြီးပါ။
ဒါနဲ့ သူ့အစီစဉ် အတိုင်း အတူတူ တန်းစီလမ်းလျောက် မေတ္တာပို့တဲ့အခါ ညာဘက်ခြေလှမ်းက စလှမ်း၊ ခြေလှမ်း ကြွတဲ့ အခါ… “ Dear mum”ရွတ်၊ ….ခြေလှမ်း ရွှေ့တဲ့အခါ …“I” ရွတ်…… ခြေလှမ်းချတဲ့အခါ …“ Love you” ရွတ်ပါတဲ့။ ( သို့) Dear near friends………….I …………….love you…….ရွတ်ပါတဲ့။
နောက်တစ်နည်းက ခြေတစ်လှမ်း လှမ်းတိုင်း“ Dear mum, I love you” သို့မဟုတ် “ Dear near friends , I love you” ရွတ်ပါတဲ့လေ။ ဒါနဲ့ သူပြောတဲ့အတိုင်း ရွတ်ရင်း တစ်နာရီလောက် မေတ္တာ ကမ္မဋ္ဌာန်း ပွားခဲ့ပါတယ်။ အဲဒါ “ World mindfulness day” နေ့က ဂျာမဏီသူ ပေးခဲ့တဲ့ “ နည်းလမ်းလေး တစ်ခုပါ”။း)
အဲဒီနေ့က သူများကိုတော့ မသိဘူး။ ကျန်တော်ကတော့ ပျော်လည်းပျော်ခဲ့ပါတယ်။ မေမေ့ကိုလည်း သတိတရ မေတ္တာပို့ဖြစ်ခဲ့တယ်။ ပိုပြီး သတိရစေတယ်။ ပိုပြီး ချစ်လာစေတယ်လို့ထင်တယ်။
သိတဲ့မိတ်ဆွေ မသိတဲ့မိတ်ဆွေ အားလုံးကိုလည်း သတိတရ မေတ္တာပို့ဖြစ်ခဲ့တယ်။ ပို ချစ်ခင်လာစေတယ်လို့ ထင်ရပါတယ်။း) အခုလည်း စာရေးနေရင်း အဲဒီနေ့ကို သတိရလို့ တရားထိုင်လိုက်တယ်။ Dear mum,…..I love you……………….Dear online friends, I love you…………….:)
အားလုံးကို လေးစားလျက်...
တော်ဝင်ထွန်း
၁၂.၁၁.၂၀၀၉
No comments:
Post a Comment