“အတွေး”

မြူ နှင်းပေါက်လေးတွေကို
ပွေ့ဖက်ရင်း အချိန်မှန် လမ်းလျောက်တတ်တဲ့ ငါ။
ဒီဆောင်းတစ်ညမှာတော့.....
စမ်းချောင်းလေး အကြောင်းကိုတောင်
မသိတဲ့ ငါက ပင်လယ်အကြောင်းကို ဘာလို့
တွေးနေလျှက်သား ဖြစ်နေရတာလဲ။
လေပြေလေညင်းကို အဖော်ပြုရင်း.....
အာကာသ အတွင်း မွှေနှောက်
တိမ်စိုင်တွေကို ခေါင်းခေါက် ကစားချင်တဲ့
လေတံခွန်လေးလိုများ ဖြစ်နေမလား။
ဘာဆိုဘာမှ ဝတ်ဆင်မထားတဲ့ ကြယ်ဖြူလေးများ....
စကြာဝဠာ တစ်လွှား မြူးထူးပျော်ပါး၊
အပြစ်အနာကင်းတဲ့ သူတို့ ဘဝတွေထဲ၊
ချစ်သူလက်ကို မြဲမြဲတွဲပြီး ခဏလောက်၊
ဝင်စားကြည့်ရရင် အကောင်းသားလို့။
ဘာအရောင်မှ ဆေးခြယ်မထားတဲ့ ငွေလရောင်....
ဒီတစ်ညမှာမှ ငါ့အတွေးကို အဖ်ာလုပ်ပေးနေသလားလို့။
အင်း...ဒီတစ်ညတော့......
အတွေးတွေနဲ့ နိုးထ၊
အတွေးတွေနဲ့ ပျော်ပါး၊
အတွေးတွေနဲ့ လျှေက်သွား၊
အတွေးတွေနဲ့ စကားပြော၊
အတွေးတွေနဲ့ ရပ်တန့်၊
အတွေးတွေနဲ့ အိပ်စက်။
ဆောင်းသခင်ရေ ...
အေးစက်နေတဲ့ မင်းရဲ့လက်ကလေးနဲ့
အတွေးတွေနဲ့ ငါ့ကို နွေးထွေးစေနိုင်ပါ့မလား။
ဒီလို့ တွေးပြီး ဒီလို့ ရေးတာ၊
ကျန်တော် သူ့ကို ချစ်လို့ပါ။
အားလုံးကို ချစ်ခင် လေးစာလျက်
တော်ဝင်ထွန်း
၂၀.၁၁.၂၀၀၉
No comments:
Post a Comment