“ တိုက်ပွဲ ”
နှလုံးသားက မေတ္တာ ထားချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့ အမုန်းပွားကြတယ်။
နှလုံးသားက နားလည်မူရှိချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့ ရှုပ်ထွေးကြတယ်။
နှလုံးသားက ညီမျှမူကို လိုလားတယ်၊
ဒါပေသိ ကျွန်ုပ်တို့က တစ်ဦးကိုတစ်ဦး စိုးမိုးခြယ်လှယ်ကြတယ်။
နှလုံးသားက ငြိမ်းချမ်းမူကို လိုလားတယ်၊
ဒါပေသိ ကျွန်ုပ်တို့က တိုက်ခိုက်ကြတယ်။
နှလုံးသားက ပေးကမ်းချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့က လောဘ တက်ကြတယ်။
နှလုံးသားက ကူညီချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့က ဖျက်ဆီးကြတယ်။
နှလုံးသားက ဂရုစိုက်လိုတယ်၊
ဒါပေသိ ကျွန်ုပ်တို့က စာနာ ထောက်ထားမူမရှိ ကြပါ။
နှလုံးသားက အနည်းငယ် အားကောင်းမယ် ဆိုရင်တော့.....
ဒါပေသိ ကျွန်ုပ်တို့ အမုန်းပွားကြတယ်။
နှလုံးသားက နားလည်မူရှိချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့ ရှုပ်ထွေးကြတယ်။
နှလုံးသားက ညီမျှမူကို လိုလားတယ်၊
ဒါပေသိ ကျွန်ုပ်တို့က တစ်ဦးကိုတစ်ဦး စိုးမိုးခြယ်လှယ်ကြတယ်။
နှလုံးသားက ငြိမ်းချမ်းမူကို လိုလားတယ်၊
ဒါပေသိ ကျွန်ုပ်တို့က တိုက်ခိုက်ကြတယ်။
နှလုံးသားက ပေးကမ်းချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့က လောဘ တက်ကြတယ်။
နှလုံးသားက ကူညီချင်တယ်၊
ဒါပေသိ ကျွန်ုပ်တို့က ဖျက်ဆီးကြတယ်။
နှလုံးသားက ဂရုစိုက်လိုတယ်၊
ဒါပေသိ ကျွန်ုပ်တို့က စာနာ ထောက်ထားမူမရှိ ကြပါ။
နှလုံးသားက အနည်းငယ် အားကောင်းမယ် ဆိုရင်တော့.....
မှတ်ချက်။ ။ တိုက်ပွဲ ကဗျာကို လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရန်ကုန်မှာ အင်္ဂလိပ်စာ သင်နေခဲ့တုန်း လစာစဉ် မဂ္ဂဇင်း စာအုပ်တစ်အုပ်မှာ ဖော်ပြထားတာကို ကြိုက်လွန်းလို့ ကူးယူထားခဲ့တာပါ။ ကျန်တော် ဝန်ခံရမှာ တစ်ခုက ဒီကဗျာကို ကူးယူစဉ်က ကဗျာမူရင်း ပိုင်ရှင် အမည်ကို မကူးယူနိုင်ခဲ့ဘူး။ သို့အတွက် အကယ်၍များ ကဗျာပိုင်ရှင် အနေဖြင့် ခွင့်ပြုချက်မရပဲ ဖော်ပြခြင်းကို သဘောမတူပါက အောက်ပါ မေးလ်လိပ်စာသို့ ဆက်သွယ်နိုင်ပါတယ်။ ကျန်တော့်ဘလော့ဂ်ပေါ်မှ ချက်ချင်း ပယ်ရှားပေးပါ့မယ်။
အားလုံးကို ခင်မင်လျက်
တောင်ဝင်ထွန်း
No comments:
Post a Comment