တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Monday, January 11, 2010

“ဒေါင်းလောဒ် လုပ်ပြီး ယူတာလား”

အမေလုပ်သူက လူမှုအဖွဲ့အစည်းတစ်ခုတွင် မန်နေဂျာ တာဝန်ဖြင့် အလုပ် လုပ်သည်။ သူ့အလုပ်နဲ့ သူ အမြဲလိုလို အလုပ်များနေတတ်သည်။ သားသမီးများကိုပင် သတိရပုံမပေါ်။ အိမ်ပြန်အမြဲ နောက်ကျတတ်သည်။
တစ်ခါခါ သူ့လက်တွင် ဓာတ်ပုံ တစ်ချို့ ပါလာတတ်ပြီး “ ဒါ မေမေ ကွန်ပျူတာနဲ့ ဒေါင်းလော့ဒ် လုပ်ယူလာတာလေ” ဆိုပြီး အိမ်ကိုရောက်လျင်တော့ တစ်ခုခုကို သူ့သားအား ပြတတ်သည်။
ထုံးစံအတိုင်း တစ်နေ့ သူ အတော်မှောင်ပြီးမှ အိမ်ကို ရောက်လာသည်။ လက်ထဲတွင် ဓာတ်ပုံတစ်ချို့ ကိုင်ပါလာသည်။ ဒီတစ်ခါ ဓာတ်ပုံက ကလေး ဓာတ်ပုံလေး တစ်ပုံ။
ထုံးစံအတိုင်း သူ့သားကို ပြသည်။
( ၁) အမေ။ ။ သားရေ မေမေ ဓာတ်ပုံတွေ ယူလာတယ်။ သား ကြည့်မလား။
(၂) သား။ ။ ပေးကြည့်လေ မေမေ ။ သားကြည့်ချင်တာပေါ့်။
(၃) အမေ။ ။ ရော ဒီမှာ ။ လှလား သား။
(၃) သား။ ။ သိပ်လှတယ် မေမေ။
(၄) အမေ။ ။ လှလို့ ယူလာတာပေါ့ သားရေ။
ဒါနဲ့ ဘယ်ကနေ ဘယ်လို ယူလာတာလဲဆိုတာ သိချင်ဇောနဲ့ သားက ထပ်မေးပြန်သည်။
(၅) သား။ ။ဒီဓာတ်ပုံလေးကို ဘယ်က ယူလာတာလဲ မေမေ။
(၆) အမေ။ ။ အင်တာနက်ကနေဒေါင်းလောဒ်လုပ်ပြီး ယူလာတာပါ သားရေလို့ အမေက ဖြေလိုက်တော့
မျက်လုံး ပေကလပ် ပေကလပ် လုပ်ပြီး သားဖြစ်သူ ထပ်မေးလိုက်ပုံက “ မေမေ သားကိုလည်း အင်တာနက်ကနေ ဒေါင်းလောဒ် လုပ်ပြီး ယူတာလားတဲ့” လေ။

အားလုံးကို ချစ်ခင် လေးစားလျက်....

တော်ဝင်ထွန်း

၁၁.၀၁.၂၀၁၀


No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP