“လမ်းကျဉ်းကလေး”
သူနဲ့အတူ
ယှဉ်ကာတွဲလျှက်
တယုကယ
ပြောသံလေးနဲ့
မကြာခဏ
လျှောက်ခဲ့ဖူးတဲ့
လမ်းကျဉ်းလေးရယ်
ငါလေမင်းကို
သိပ်သတိရတယ်။
သူ့ရဲ့အပြုံး
ငေးငေးကာကြည့်
မြတ်မြတ်နိုးနိုး
ဖြစ်ခဲ့ဖူးတဲ့
ထိုအချိန်လေးကို
တမ်းတမိတယ်
လမ်းကျဉ်းလေးရယ်
မင်းလေးသက်သေရှိပါတယ်။
တို့တွေလျှောက်ခဲ့
ဒီလမ်းကျဉ်းထဲ
တို့နှစ်ဦးကို
ပန်းကလေးတွေ
ငေးကြည့်ခဲ့ကြ
ငှက်ကလေးတွေ
တေးဖွဲ့လို့ရယ်
လေညှင်းကလေးက
သွေးလိုက်သေး
ရနံ့တွေတပွေ့ကြီးနဲ့
ညချမ်းလေးက
ပြုံးရောင်သမ်းလျှက်
တို့ကိုလှမ်းကြိုခဲ့သေးတယ်။
လမ်းကျဉ်းလေးရယ်……
ခုတော့ တို့ကို
မေ့လောက်ပြီထင်တယ်
တို့တတွေပြန်ဆုံဖို့
မလွယ်တော့ဘူးကွယ်။
အလင်းအိမ်
16.11.09
ယှဉ်ကာတွဲလျှက်
တယုကယ
ပြောသံလေးနဲ့
မကြာခဏ
လျှောက်ခဲ့ဖူးတဲ့
လမ်းကျဉ်းလေးရယ်
ငါလေမင်းကို
သိပ်သတိရတယ်။
သူ့ရဲ့အပြုံး
ငေးငေးကာကြည့်
မြတ်မြတ်နိုးနိုး
ဖြစ်ခဲ့ဖူးတဲ့
ထိုအချိန်လေးကို
တမ်းတမိတယ်
လမ်းကျဉ်းလေးရယ်
မင်းလေးသက်သေရှိပါတယ်။
တို့တွေလျှောက်ခဲ့
ဒီလမ်းကျဉ်းထဲ
တို့နှစ်ဦးကို
ပန်းကလေးတွေ
ငေးကြည့်ခဲ့ကြ
ငှက်ကလေးတွေ
တေးဖွဲ့လို့ရယ်
လေညှင်းကလေးက
သွေးလိုက်သေး
ရနံ့တွေတပွေ့ကြီးနဲ့
ညချမ်းလေးက
ပြုံးရောင်သမ်းလျှက်
တို့ကိုလှမ်းကြိုခဲ့သေးတယ်။
လမ်းကျဉ်းလေးရယ်……
ခုတော့ တို့ကို
မေ့လောက်ပြီထင်တယ်
တို့တတွေပြန်ဆုံဖို့
မလွယ်တော့ဘူးကွယ်။
အလင်းအိမ်
16.11.09
No comments:
Post a Comment