တော်ဝင်ထွန်း Blog မှ ကြိုဆိုပါ၏။

Friday, November 27, 2009

“ မပြည့်ဝတဲ့ငါ”

ငါ့ကို ပြည့်ဝသူလို့ မမြင်နဲ့၊ အဲလို့မြင်ရင်တော့ မင်း နာလိမ်မယ်။
ငါဟာ လူသားတစ်ယောက်ပါ၊ မြောက်များလှစွာသော၊
အမှားတွေ....ချို့ယွင်းမူတွေကို ပြုလုပ်တတ်တဲ့သူပဲ။
ပြည့်စုံအောင် အဆင်အသင့် ၊ လေ့ကျင့် ပေးထားခြင်းခံရတဲ့
သူသားတစ်ယောက်ရယ်လို့ ငါဖြစ်လာခဲ့တာ မဟုတ်ဘူး။

* ငါဟာ မင်းရယ်အောင်လည်း လုပ်နိုင်တယ်။
* မင်း ငိုအောင်လည်း လုပ်နိုင်တယ်။
* မင်း အဆင်မပြေအောင်လည်း လုပ်နိုင်တယ်။
* မင်း ကို ပျော်ရွှင်အောင်လည်း လုပ်နိုင်တယ်။
* မင်းကို ရူးအောင်လည်း လုပ်နိုင်တာ်။
* ကြည်နူး ရွှင်မြူးအောင်လည်း လုပ်တယ်။

နောက်ဆုံး.....

မင်းဒေါသတကြီး စိတ်ဆိုး မာန်ဆိုးဖြစ်အောင်လည်း လုပ်နိုင်တယ်။

မင်း ငါ့ကို....
လုံးဝ ဥမေက္ခာ ပြုထားလိုက်တဲ့ အထိလည်း လုပ်နိုင်တယ်။
မိတ်ဆွေ...
ငါရဲ့ ကောင်းဖက်ကိုသာ ကြည့်ပါ။
အဆိုးဖက်ကို ထားလိုက်ပါတော့။
ြံကိုးစားပြီးသာ သည်းခံပေးပါ။
တို့ဟာ လူသားတွေပဲ။
အဲဒါကိုသာ မှတ်ထားပါ ၊ သတိရပါ။
တို့အပြန်အလှည် နားလည်ကြပါစို့၊
ပျော်ရွှင် ကြည်နူးကြပါစို့။

အားလုံးကို လေးစားလျက်။....

တောင်ဝင်ထွန်း

၂၇.၁၁.၂၀၀၉

တင်ပြသူ၏အမြင်။ ။ ကဗျာလေးက လူမူဆက်ဆံရေး နယ်ပယ်မှာ တစ်ဦးနဲ့တစ်ဦး ဘယ်လို့ သဘော ဆက်ဆံသင့်တယ်ဆိုတာကို ပြောထားတာပါ။ ကျန်တော်တို့ဟာ ပြည့်စုံအောင် လေ့ကျင့်ပေးထားခြင်း ခံရတဲ့ လူသားမဟုတ်လို့ အမှားတွေကိုလည်း လုပ်တတ်ပါတယ်။ ဆက်ဆံရေးမှာ အဆင်ပြေဖို့အတွက်တော့ အပြန်အလှည် နားလည်မူ ရှိဖို့၊ အကောင်းဖက်ကိုသာကြည့်ဖို့၊ ကြိုးစားပြီး သည်းခံပေးဖို့ လိုပါတယ်။

မှတ်ချက်။ ။ ကဗျာက လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက မှတ်စုစာအုပ်ထဲမှာ ကူးရေးထားခဲ့တာပါ။ စာအုပ်ထဲမှာ ရေးထားတဲ့ ကဗျာမူပိုင်ရှင် အမည်ကို မမှတ်မိသည့်အတွက် နာမည် ဖော်ပြခြင်းမရှိသည်ကို သည်းခံပေးစေချင်ပါတယ်။ ကဗျာ မူပိုင်ရှင်တွေ့လို့ သဘောမတူပါက အမှာစကားပါးခဲ့ပါ။ ပယ်ရှားပေးပါ့မယ်

No comments:

Post a Comment

My favourite

http://www.cookinglight.com/food/everyday-menus/stretch-food-budget-00400000049819/?xid=outbrain-ck-1209
name="MediaPlayer1" controltype="2" autostart="1" showstatusbar="1" src="http://wma2.viastreaming.net/APYTZ " type="application/x-mplayer2" height="50" id="music1" width="200" showcontrols="1">

Welcome to Coral Land (သန္တာမြီ)

Lorem Ipsum

မမသီရိ

ကျေးဇူးတင်ပါသည်။

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP