မာယာတသိန်း အပလိန်း အနန္တနဲ့
ဟန်ဆောင်မှု ဝတ်ရုံလွှာကို
လွှမ်းခြုံထားသော အချစ်မျိုးကို
အကျွန်ုပ် မလို....။
လိမ်ညာမှု ၊ လှည့်စားမှု၊
ပလီပလာဆန်တဲ့
ဓာတ်သတ္တုတွေကို
အလွန်အကျွံ ရောစပ်ပြီး
ဖောက်ပြန်လွယ်သော
ကုမ္ပဏီမှထုတ်လုပ်သည့်
သောက်သုံးသူ လူအပေါင်းကို
ခဏအတွင်း မူးမေ့
သေစေနိုင်သော..
အဆိပ်သင့် ဝိုင်နှင့် တူသည့်
အချစ်မျိုးကို အကျွန်ုပ် မလို..။
ခြောက်သွေ့ ပူလောင်နေသော
ကမ္ဘာ့ မြေပြင်ကို ကောင်းချီးပေးကာ
ပန်းပေါင်းစုံကို ဖူးပွင့် ဝေဆာစေသည့်
ငွေနှင်းစက်များနှင့် တူသော
အေးချမ်း ကြည်လင်သော
အချစ်မျိုးကိုသာ အကျွန်ုပ်
အလို ရှိသည်။
နှလုံးသား၏ အလယ်ဗဟိုကို
စွတ်စိုစေပြီး ထိုမှ တစ်ဆင့်
ဘဝ၏ အောင်မြင်မှု၊ ပျော်ရွှင်မှု
တိုးတက်မှု ဆုလဒ်တွေကို
ဆောင်ကြဉ်းပေးပြီး
မြင်တွေ့ခြင်းငှာ မစွမ်းသာသော
စွမ်းအား တွေကိုမွှေးဖွားပေးသည့်
ဆေးမဟာတစ်မျိုးနှင့် တူသော
အချစ်မျိုးကိုသာ အကျွနု်ပ်
အလိုရှိသည်...။
သစ္စာရှိမှု၊ ဖြူစင်မှု အပြည့်ဖြင့်
နှလုံးသားကို ငြိမ်းချမ်း ငြိမ်သက်စေသည့်
အချစ်မျိုးကိုသာ အကျွန်ုပ် အလိုရှိသည်...။
အားလုံးကို လေးစားလျက်.....
တော်ဝင်ထွန်း
၁၉.၁၂.၂၀၀၉
ဟန်ဆောင်မှု ဝတ်ရုံလွှာကို
လွှမ်းခြုံထားသော အချစ်မျိုးကို
အကျွန်ုပ် မလို....။
လိမ်ညာမှု ၊ လှည့်စားမှု၊
ပလီပလာဆန်တဲ့
ဓာတ်သတ္တုတွေကို
အလွန်အကျွံ ရောစပ်ပြီး
ဖောက်ပြန်လွယ်သော
ကုမ္ပဏီမှထုတ်လုပ်သည့်
သောက်သုံးသူ လူအပေါင်းကို
ခဏအတွင်း မူးမေ့
သေစေနိုင်သော..
အဆိပ်သင့် ဝိုင်နှင့် တူသည့်
အချစ်မျိုးကို အကျွန်ုပ် မလို..။
ခြောက်သွေ့ ပူလောင်နေသော
ကမ္ဘာ့ မြေပြင်ကို ကောင်းချီးပေးကာ
ပန်းပေါင်းစုံကို ဖူးပွင့် ဝေဆာစေသည့်
ငွေနှင်းစက်များနှင့် တူသော
အေးချမ်း ကြည်လင်သော
အချစ်မျိုးကိုသာ အကျွန်ုပ်
အလို ရှိသည်။
နှလုံးသား၏ အလယ်ဗဟိုကို
စွတ်စိုစေပြီး ထိုမှ တစ်ဆင့်
ဘဝ၏ အောင်မြင်မှု၊ ပျော်ရွှင်မှု
တိုးတက်မှု ဆုလဒ်တွေကို
ဆောင်ကြဉ်းပေးပြီး
မြင်တွေ့ခြင်းငှာ မစွမ်းသာသော
စွမ်းအား တွေကိုမွှေးဖွားပေးသည့်
ဆေးမဟာတစ်မျိုးနှင့် တူသော
အချစ်မျိုးကိုသာ အကျွနု်ပ်
အလိုရှိသည်...။
သစ္စာရှိမှု၊ ဖြူစင်မှု အပြည့်ဖြင့်
နှလုံးသားကို ငြိမ်းချမ်း ငြိမ်သက်စေသည့်
အချစ်မျိုးကိုသာ အကျွန်ုပ် အလိုရှိသည်...။
အားလုံးကို လေးစားလျက်.....
တော်ဝင်ထွန်း
၁၉.၁၂.၂၀၀၉
No comments:
Post a Comment